Pages

Monday, February 18, 2013

မိုးမိတ်မြို့ခံလူထုများရွှေဗျို င်းဖြူကုမ္ပဏီကြောင့်စိုးရိမ်စရာ ကြုံနေရ

Monday, 18 February 2013

ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့၊ မြို့လယ်၌ လောင်စာဆီ ရောင်းချပေးနေသော ရွှေဗျိုင်းဖြူကုမ္ပဏီကြောင့် မြို့နေလူထုများ
နွေရာသီတွင် မီးဘေးအန္တရာယ်အတွက် စိုးရိမ်နေရကြောင်း ယင်းမြို့ခံများက ပြောကြားသည်။ အဆိုပါကုမ္ပဏီသည် စွမ်းအင်ဝန်ကြီးဌာန၏ လက်အောက်တွင် ရှိခဲ့သောBOCဌာနကို အမည်ပြောင်းယူ၍ ရွှေဗျိုင်းဖြူကုမ္ပဏီဟု မှတ်ပုံတင်ကာ လောင်စာဆီများ ရောင်းချပေးနေခြင်းဖြစ်သည်။
လောင်စာဆီရောင်းချရာတွင် ဆီသိုလှောင်ကန် များမရှိခြင်း၊ မြေအောက်စနစ်ဖြင့် ဆီသိုလှောင်မထိန်းသိမ်းခြင်း၊ ဆီပေပါပုံးများ မှတဆင့် ပိုက်သွယ်ထုတ်ယူပြီး လောင်စာဆီများကို ချင့်ခွက်
(ဂါလံခွက်)ဖြင့် ဆီထည့်ရောင်းချနေ၍ မီးဘေးအန္တရာယ် စိုးရိမ်ရသောကြောင့် မြို့ခံလူထုများက ယင်းလုပ်ရပ်အပေါ် မကျေမနပ်ဖြစ်နေကြသည် ဟုသိရသည်။ မြို့ခံနေလူထုများက အဆိုပါကုမ္ပဏီအားမြို့နယ်အုပ်ချုပ်ရေးရုံးသို့ တိုင်စာတင်ထား သည်ဟုလည်း ပြောကြသည်။

ထို့ကြောင့် မိုးမိတ်မြို့နယ်အုပ်ချုပ်ရေးရုံးမှ ဒုတိယအုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်အား ဆက်သွယ်မေးမြန်းရာ” ဟုတ်ပါတယ်မြို့နေ လူထုက ကုမ္ပဏီကို တိုင်ထားပါတယ်။ ကျွန်တော်တို့လည်း မီးဘေး အန္တရာယ်အတွက် စုံစမ်းစစ်ဆေးဖို့အဖွဲ့ ဖွဲ့ပြီးစစ်ဆေးခိုင်းထားပါတယ်။ လူထုရဲ့တိုင်စာနဲ့မြို့ပေါ်အခြေအနေတွေကို တနင်္လာနေ့(၁၈)ရက်နေ့ မှာအထက်ခရိုင်ရုံးကို တင်ပြပေးသွားမှာပါ။ ကျွန်တော်တို့က အဆင့်ဆင့် အမိန့်နဲ့လုပ်ရတာပါ”ဟုပြောပြခဲ့သည်။

ထွန်းထွန်း
RND: 18.2.2013
The Myanma Age

0 comments:

Post a Comment