Pages

Monday, February 18, 2013

၈၈ ကျောင်းသားခေါင်းဆောင် ဦးဌေးကြွယ် ကုလလူ့အခွင့်အရေးညီလာခံ တက်ရောက်မည်

၈၈ ကျောင်းသားခေါင်းဆောင် ဦးဌေးကြွယ် ကုလလူ့အခွင့်အရေးညီလာခံ တက်ရောက်မည်

ဒီဗွီဘီ၂၀၁၃ ဖေဖော်ဝါရီ ၁၈ ရက် (တနင်္လာနေ့)

ပွင့်လင်းလူ့အဖွဲ့အစည်းအမည်နဲ့ စည်းရုံးလှုပ်ရှားနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဌေးကြွယ်ဟာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဖေဖော်ဝါရီလကုန် ကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးညီလာခံမှာ ပါဝင်တက်ရောက်ဖို့ ရှိနေပါတယ်။

ဒီခရီးစဉ်အတွက် ဒီနေ့ မွန်းလွဲပိုင်းမှာ ရန်ကုန်ကနေ စတင်ထွက်ခွာမှာဖြစ်ပြီး မနက်ဖြန်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမယ့် ဒေသတွင်းမဟာဗျူဟာ ဆွေးနွေးပွဲ တခုကို တက်ရောက်မှာပါ။

ထိုင်းနိုင်ငံကနေတဆင့် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ကုလသမဂ္ဂလူ့အခွင့်အရေးညီလာခံ တက်ရောက်ဖို့ ဆွစ်ဇာလန်နိုင်ငံကို ဆက်လက် သွားရောက်မှာ ဖြစ်တယ်လို့ ဦးဌေးကြွယ်က ပြောပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးအခြေအနေတွေကို တခြားနိုင်ငံတွေမှာဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေနဲ့ နှိုင်းယှဉ်ပြီးလေ့လာလို့ ရနိုင်ပါတယ်။ ပြီတော့ လူ့အခွင့်အရေးချိုးဖောက်မှုများတဲ့ နိုင်ငံတွေမှာ ယူအန်ကနေပြီး စောင့်ကြည့်ကူညီနေတဲ့ ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။”

ဦးဌေးကြွယ်ဟာ လာမယ့် မတ်လထဲမှာ ဆွစ်ဇာလန်နိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို ဆက်လက်သွားရောက်ဖို့ရှိပြီး အမေရိကန်ရောက် မြန်မာအသိုင်းအ၀ိုင်းနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။
(သတင်း - DVB TV News)


အေးချမ်းမွန်(အဲဆာန်မန်) မှ  88 Generation Students တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်

ဒီဗွီဘီ၂၀၁၃ ဖေဖော်ဝါရီ ၁၈ ရက် (တနင်္လာနေ့)

ပွင့်လင်းလူ့အဖွဲ့အစည်းအမည်နဲ့ စည်းရုံးလှုပ်ရှားနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဌေးကြွယ်ဟာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဖေဖော်ဝါရီလကုန် ကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးညီလာခံမှာ ပါဝင်တက်ရောက်ဖို့ ရှိနေပါတယ်။
ဒီခရီးစဉ်အတွက် ဒီနေ့ မွန်းလွဲပိုင်းမှာ ရန်ကုန်ကနေ စတင်ထွက်ခွာမှာဖြစ်ပြီး မနက်ဖြန်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမယ့် ဒေသတွင်းမဟာဗျူဟာ ဆွေးနွေးပွဲ တခုကို တက်ရောက်မှာပါ။

ထိုင်းနိုင်ငံကနေတဆင့် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ကုလသမဂ္ဂလူ့အခွင့်အရေးညီလာခံ တက်ရောက်ဖို့ ဆွစ်ဇာလန်နိုင်ငံကို ဆက်လက် သွားရောက်မှာ ဖြစ်တယ်လို့ ဦးဌေးကြွယ်က ပြောပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ လူ့အခွင့်ရးအခြေအနေတွေကို တခြားနိုင်ငံတွေမှာဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေနဲ့ နှိုင်းယှဉ်ပြီးလေ့လာလို့ ရနိုင်ပါတယ်။ ပြီတော့ လူ့အခွင့်အရေးချိုးဖောက်မှုများတဲ့ နိုင်ငံတွေမှာ ယူအန်ကနေပြီး စောင့်ကြည့်ကူညီနေတဲ့ ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။”

ဦးဌေးကြွယ်ဟာ လာမယ့် မတ်လထဲမှာ ဆွစ်ဇာလန်နိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို ဆက်လက်
သွားရောက်ဖို့ရှိပြီး အမေရိကန်ရောက် မြန်မာအသိုင်းအ၀ိုင်းနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။
(သတင်း - DVB TV News)

RND: 18.2.2013 
88 Generation Students

0 comments:

Post a Comment