Pages

Monday, February 18, 2013

မန္တလေးတွင် အခါလွန်မိုးများ ရွာသွန်း

Monday, 18 February 2013
မြန်မာနိုင်ငံ ၏ ပူပြင်းခြောက်သွေ့သောဒေသများတွင် ပါဝင်သော မန္တလေးမြို့ တွင် ယနေ့ နံနက် ၉ နာရီခန့်မှ နေ့လယ် ၁၁နာရီခွဲခန့်အထိ ပထမဆုံးအကြိမ် အခါလွန်မိုးများ ရွာသွန်း ခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး မိုးလေ၀သနှင့်ဇလဗေဒညွန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Voice Weeklyသို့ ပြောကြားသည်။ မြန်မာနိုင်ငံအထက်ပိုင်းမှမိုးရွာသွန်းမှုဖြစ်ပေါ်စေသောတိမ်တိုက်များသည် အလယ်ပိုင်းသို့ ရွေ့လျားလာပြီး တောင်များကိုမကျော်နိုင်ဘဲမန္တလေးမြို့အနီးတစ်ဝိုက်တွင်စုဝေးကာ မြေပြင်မှ မြင့်တက်လာသောအပူချိန်များကြောင့်
ငွေ့ရည်ဖွဲ့ကာ ပြန်ကျမိုးရွာချခြင်း ဖြစ်နိုင်ပြီး မုန်တိုင်းနှင့် သက်ဆိုင်ခြင်း
မရှိကြောင်း ယင်းဌာနမှ တာဝန်ရှိသူက ဆိုသည်။

ယနေ့ အချိန်အခါမဟုတ် နှစ်နာရီခွဲခန့်ကြာ မိုးရွာသွန်းခဲ့သော်လည်း ရွာသွန်းမှုမှာ အနည်းငယ်သာဖြစ်သဖြင့် မိုးရေချိန်တိုင်းတာမရကြောင်း၊ ၂၀၁၃ ဇန်န၀ါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ အထိပြင်ဦးလွင်မြို့၌ မိုးရေချိန် (၀.၂၈)လက်မရှိပြီး မိုးကုတ်မြို့တွင် မိုးရေချိန်(၀.၁၂) လက်မ ရှိကြောင်း၊ မိုးလေ၀သမှတ်တမ်းများအရ သိရသည်။

 
RND: 18.2.2013
 The Voice Weekly

0 comments:

Post a Comment