ဆမ်ဆောင်းကုမ္ပဏီသည် မြင်ကွင်း ၈ လက်မအရွယ်အစားရှိ Galaxy Note 8.0 ကို
ထုတ်လုပ်ဖြန့်ချိရန် ပြင်ဆင်နေကြောင်း သိရသည်။ ဆမ်ဆောင်းသည် Android
ဆော့ဖ်ဝဲသုံး တက်ဘလက်များဖြင့် ကမ္ဘာသိအောင် လုပ်ဆောင်နိုင်ခဲ့သည်။ Galaxy
Note 8.0 သည် မြင်ကွင်း ၈ လက်မ ရှိသည့် ထူးခြားသော တက်ဘလက်တစ်မျိုး
ဖြစ်ကြောင်းသိရသည်။
Galaxy Note သည် မြင်ကွင်း၈ လက်မ၊ ဖန်သား ပြင်မှာ Super
Clear LCD အမျိုး အစားဖြစ်ပြီး resolution အနေဖြင့် 1280 × 800 အထိ
မြှင့်တင်နိုင်သောကြောင့် ကြည်လင် ပြတ်သားမှုရှိပြီး ကင်မရာကိုလည်း
5-megapixel အနောက်နှင့် ရှေ့ကင်မရာကို 1.3-megapixel နှစ်လုံး
ထည့်ထားပေးကြောင်း၊
RAM အနေဖြင့် 2GB သိုလှောင် storage အတွက် 16GB မှ 32GB
အထိ တိုးမြှင့်သုံးနိုင်ကြောင်း၊ ထို့ပြင် အပို memory ကို ထည့်သုံးရန်
slot အိမ်တစ်ခုလည်းပါပြီး ဘက်ထရီအနေဖြင့် 4,600 mAh အမျိုးအစားကို
သုံးပေးထားသည်။
RND: 18.2.2013
yatanarpon.

0 comments:
Post a Comment