Pages

Thursday, January 17, 2013

ဖိလစ်ပိုင်နိုင်ငံ လက်နက်ကိုင်အဖွဲ့အစည်း MILF ၏ ဗဟိုတပ်မဟာသို့ ၈၈မျိုးဆက်ကျောင်းသားများ ရောက်ရှိ

ဖိလစ်ပိုင်နိုင်ငံ လက်နက်ကိုင်အဖွဲ့အစည်း MILF ၏ ဗဟိုတပ်မဟာသို့ ၈၈မျိုးဆက်ကျောင်းသားများ ရောက်ရှိ
--------------------------------------------------------------
ဖိလစ်ပိုင်နိုင်ငံ၊ ကိုတာဘာတိုမြို့သို့ ရောက်ရှိနေကြသော ၈၈မျိုးဆက်ကျောင်းသားများသည် ယနေ့ (ဇန်န၀ါရီလ၊ ၁၇ ရက်) နံနက် ၈း ၁၅ နာရီက The Bangsamoro Leadership and Management Institute (BLMI) မှဖွင့်လှစ်ထားသည့် သင်တန်းကျောင်းသို့ သွားရောက်လေ့လာခဲ့ကြပြီးနောက် နံနက် ၉း ၂၀ နာရီခန့်တွင် ဖိလစ်ပိုင်နိုင်ငံ လက်နက်ကိုင်အဖွဲ့အစည်း Moro Islamic Liberation Front (MILF)  ၏ ဗဟိုတပ်မဟာ (Bangsamoro Arm Force)သို့ ရောက်ရှိခဲ့ကြပြီး တပ်ချုပ် Commder,  Rasid Ladiasan နှင့် ၎င်း၏ ဗိုလ်မှူးကြီးများနှင့် တွေ့ဆုံခဲ့ကြသည်။ ထိုသို့ တွေ့ဆုံကြရာတွင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Von Al-Haq က ဖိလစ်ပိုင်နိုင်ငံ တပ်မတော်နှင့် ၎င်းတို့ လက်နက်ကိုင်တပ်တို့  ငြိမ်းချမ်းရေးရယူခဲ့ပုံအဆင့်ဆင့် နှင့် လက်ရှိအခြေအနေအထိ ရောက်ရှိလာစေရန် နှစ်ဖက်စလုံး ထိန်းထိန်းသိမ်းသိမ်းနှင့် ကြိုးပမ်းခဲ့ကြရပုံများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ၈၈မျိုးဆက်ကျောင်းသားများမှ သိလိုသည်များကို မေးမြန်းခဲ့ကြသည်။ ပြီးနောက် ၈၈မျိုးဆက်ကျောင်းသားများသည် တပ်စခန်းအတွင်း လှည့်လည်လေ့လာခဲ့ကြပြီး နံနက် ၁၁း ၀၀ နာရီတွင် ပြန်လည်ထွက်ခွာခဲ့ကြသည်။

ိလစ်ပိုင်နိုင်ငံ၊ ကိုတာဘာတိုမြို့သို့ ရောက်ရှိနေကြသော ၈၈မျိုးဆက်ကျောင်းသားများသည် ယနေ့ (ဇန်န
ဝါရီလ၊ ၁၇ ရက်) နံနက် ၈း ၁၅ နာရီက The Bangsamoro Leadership and Management Institute (BLMI) မှဖွင့်လှစ်ထားသည့် သင်တန်းကျောင်းသို့ သွားရောက်လေ့လာခဲ့ကြပြီးနောက် နံနက် ၉း ၂၀ နာရီခန့်တွင် ဖိ
လစ်ပိုင်နိုင်ငံ လက်နက်ကိုင်အဖွဲ့အစည်း Moro Islamic Liberation Front (MILF) ၏ ဗဟိုတပ်မဟာ (Bang
samoro Arm Force)သို့ ရောက်ရှိခဲ့ကြပြီး တပ်ချုပ် Commder, Rasid Ladiasan နှင့် ၎င်း၏ ဗိုလ်မှူးကြီးများ
နှင့် တွေ့ဆုံခဲ့ကြသည်။ ထိုသို့ တွေ့ဆုံကြရာတွင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Von Al-Haqကဖိလစ်ပိုင်နိုင်ငံ တပ်မတော်နှင့် ၎င်း
တို့ လက်နက်ကိုင်တပ်တို့ ငြိမ်းချမ်းရေးရယူခဲ့ပုံအဆင့်ဆင့်နှင့်လက်ရှိအခြေအနေအထိ ရောက်ရှိလာစေရန်
နှစ်ဖက်စလုံး ထိန်းထိန်းသိမ်းသိမ်းနှင့် ကြိုးပမ်းခဲ့ကြရပုံများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ 
 
၈၈မျိုးဆက်ကျောင်းသားများမှ သိလိုသည်များကို မေးမြန်းခဲ့ကြသည်။ ပြီးနောက် ၈၈မျိုးဆက်ကျောင်းသား
များသည် တပ်စခန်းအတွင်း လှည့်လည်လေ့လာခဲ့ကြပြီး နံနက် ၁၁း ၀၀ နာရီတွင် ပြန်လည်ထွက်ခွာခဲ့ကြ
သည်။
 
88 Generation Students
 

0 comments:

Post a Comment