Pages

Thursday, January 17, 2013

“မဂျာဆိုင်းအိန် သေဆုံးမှု စုံစမ်းစစ်ဆေးပေးရန် သမ္မတထံတိုင်ကြားစာ ၃ လကျော်အထိ ထူးခြားမှုမရှိသေး

တပ်မတော်သားများက ကိုးတန်းကျောင်းသူ မဂျာဆိုင်းအိန်အား အကြောင်းမဲ့ပစ်ခတ်သည်ဟုဆိုကာ စုံစမ်းစစ်ဆေးပေးပါရန် ၂ဝ၁၂ ခုနှစ် အောက်တိုဘာလ ၁ ရက်က နိုင်ငံတော်သမ္မတနှင့် လူ့အခွင့်အရေး ကော်မရှင်ထံ တိုင်ကြားစာပေးပို့ထားသော်လည်း ၃
လကျော်ကြာ ယနေ့ အချိန်အထိ တစ်စုံတစ်ရာထူးခြားမှုမရှိကြောင်း မဂျာဆိုင်းအိန်၏ ဖခင်ဖြစ်သူ ဦးဘရန်ရှောင်က ဇန်နဝါရီလဒုတိယပတ်အတွင်းက ပြောသည်။

”ဒီကိစ္စက နိုင်ငံတော်ရဲ့တာဝန်ဖြစ်ပါတယ်။ စာတင်ထားတာ တစ်စုံ တစ်ရာအကြောင်းပြန်မယ်လို့ ယူဆပါတယ်”ဟု ၄င်းက ပြောသည်။
ယခုကဲ့သို့ ပြည်သူလူထု၏ ဆုံးရှုံးမှုကိုနိုင်ငံတော်မှ သဘောထားကြီး ကြီးဖြင့် ဆောင်ရွက်ပေးမည်ဆိုလျှင် ပြေလည်သွားမည်ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောသည်။

ပြည်သူများ၏ ငြိမ်းချမ်းရေးတောင်းဆိုမှုကို နားဖြင့်နားထောင်ရုံ မဟုတ်ဘဲအကောင်အထည်ရှိလာရန်လုပ်
ဆောင်မှ ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်း အောင်မြင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံခရစ်ယာန်များ အဖွဲ
့ချုပ် အတွင်းရေးမှူး ဦးစောရွှေလင်းက ပြောသည်။မဂျာဆိုင်းအိန်အပါအဝင်သူငယ်ချင်းအချို့သည်စက်
၁၃ ရက်က ကျောင်းမှနေအိမ်သို့ အပြန်လမ်း၌ ဟိုပင်းအခြေစိုက်တပ်ရင်း ၃၈၉ မှတပ်သားအချို့၏ အချင်း
ချင်းပစ်ခတ်မှုကြောင့် မဂျာဆိုင်းအိန်မှာ သေနတ်ကျည်ဆန်ထိမှန်ခဲ့ပြီး ဖားကန့်ပြည်သူ့ဆေးရုံသို့ပို့ဆောင်
သော်လည်း သွေးဖိအားကျဆင်းမှုကြောင့် အသက် ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဗိုက်ထဲတွင် ကျည်ဆန်အကုန်မွှေလိုက်ပြီး အူသိမ် ၃ နေရာ ထိသွားခြင်းကြောင့် ကြိုးစားသော်လည်းမရဟု ထိုအချိန်က ဖားကန့်ပြည်သူ့ဆေးရုံမှခွဲစိတ်ဆရာဝန် ဒေါက်တာ ကျော်ထွန်းဦးက ပြောကြားခဲ့သည်ဟု ဦးဘရန်ရှောင်က ပြောသည်။

အဆိုပါ ဖြစ်ရပ်နည်းတူ မိမိသွားရာလမ်းမပေါ် လက်နက်ကြီးကျရောက်၍ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး မြစ်

ကြီးနားဆေးရုံတွင် ၃ လခန့် တက်ရောက်ကုသမှုခံယူခဲ့ရကာလက်တစ်ဖက်လှုပ်ရှားမှု ကောင်းကောင်းမပြု
နိုင်တော့သူ မရမ်ခေါဘောမ်ကလည်း မိမိတို့ကိုယ်တိုင်ခံစားရမှုကို မိမိတို့ကိုယ်တိုင်ပဲ သိရှိကြောင်း၊ ယခု
အချိန်တွင် ကား အိပ်ဇော၊ ဆိုင်ကယ်အိပ် ဇော်သံကိုကြားရလျှင်ပင် ထိတ်လန့်တကြား ခံစားနေရကြောင်း ဆိုသည်။

”ကျွန်တော်တို့ အေးအေးဆေးဆေးနဲ့ပဲ လုပ်ကိုင်စားသောက် ချင်ပါ တယ်”ဟု ၄င်းက ပြောသည်။ ကချင်

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့သည် အစိုးရနှင့် ၁၉၉၄ ခုနှစ်က အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု ရရှိထားသော်လည်း၂ဝ၁၁ ခုနှစ်တွင်တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် ၂ဝ၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင်
ပိုမိုပြင်းထန် သော တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ခြင်းကြောင့် လက်ရှိအချိန်တွင် ကချင်ပြည်နယ်၌ ဒေ
သအနှံ့စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်နှင့် ဒေသခံပြည်သူအချို့ သေဆုံးမှုရာ ဂဏန်းနီးပါးမျှရှိပြီဖြစ်
ကြာင်း သိရသည်။

ဥာဏ်လင်းအောင်
Popular Myanmar News

0 comments:

Post a Comment