Pages

Thursday, January 17, 2013

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အချိန်မတန်သေးဟု ထိုင်ဝမ်လုပ်ငန်းရှင်ကဆို

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အချိန်မတန်သေးဟု ထိုင်ဝမ်လုပ်ငန်းရှင်ကဆို
......................................................................................................
မပြည့်စုံ မလုံလောက်သော ဥပဒေနှင့် ဘဏ်စနစ်များနှင့် မဖွံ့ဖြိုး သေးသော အခြေခံ အဆောက်အအုံကြောင့် မြန် မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်မှာ အခြေအနေမရင့်မှည့်သေးကြောင်း မြန်မာနိုင်ငံ အခြေစိုက် ထိုင်ဝမ် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက စနေနေ့တွင် ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံမှု ဥပဒေ၏ ယေဘုယျမူဝါဒများကို အတည်ပြုချမှတ်  ခဲ့သော်ငြား၊ လုပ်ထုံးလုပ်နည်း အသေးစိတ်ကိုမူ မရေးဆွဲရသေးသည်မှာ ရင်းနှီးမြှုပ်နှံသူများအတွက် ဆုံးရှုံး နစ်နာစရာ တစ်စုံတစ်ရာရှိနေကြောင်း၊ အမည်မဖော်လိုသူ အဆိုပါ လုပ်ငန်းရှင်က ဆိုပါသည်။ ထို့ပြင် မြန်မာ နိုင်ငံတွင် နိုင်ငံခြားဘဏ်များ မရှိသေးဘဲ ကိုယ်စားလှယ် ရုံးများသာ ရှိကြောင်းလည်း သူက ပြောသည်။

လောလောဆယ်တွင် ထိုင်ဝမ်မှ ကိုယ်စားလှယ်ရုံး ဖွင့်ထားသည့် တစ်ခုတည်းသောဘဏ်မှာ ပထမဘဏ် (First Bank)ဖြစ်သည်။ မြန်မာ တွင် လေဘာဖြည့်ဆည်းနိုင်အားက အလျှံပယ်ရှိသော်ငြား နိုင်ငံတွင်း နောက်ထပ်နိုင်ငံခြား ကုမ္ပဏီများ ပိုမိုများပြားလာပါက လေဘာ မလုံ လောက်မှု မြင့်တက် လာနိုင်ဖွယ်ရာ ရှိကြောင်း သူက ဆိုပါသည်။

မြေဈေးနှုန်းများမှာလည်း လွန်ခဲ့သည့် ၃ နှစ်အတွင်း ၄ ဆမှ ၅ ဆအထိ တက်လာခဲ့ပြီး ဒေသခံ စားသောက်ဆိုင်တွင် ညစာစားရ သည်မှာ တစ်ခါတစ်ရံ တိုင်ပေထက်ပင် ပိုဈေးကြီးနေသေးကြောင်း၊ စက်မှုဇုန်အတွင်း လျှပ်စစ် ဓာတ်အားဖြည့်ဆည်းနိုင်မှုမှာ တိုးတက်လာ သော်လည်း လောလောဆယ်တွင် နေ့စဉ် ၇ နာရီ မီးမှောင် ကျဆဲဖြစ် ကြောင်းနှင့် ပြင်ပကမ္ဘာသို့ စီးပွားရေးကို အပြည့်အဝ ဖွင့်လှစ်ပေးမည် ဆိုပါက အရှေ့တောင်အာရှတွင် အမြန်ဆုံး ထွန်းသစ် လာမည့် နိုင်ငံ ဖြစ်နိုင်ကြောင်းလည်း သူက ပြောကြားခဲ့သည်။

မြန်မာ့စီးပွားရေးမှာ ကမ္ဘာ့ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးတစ်ခုဖြစ်ပြီး ၁၉၆၂ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အထိ စစ်အစိုးရအုပ်ချုပ် မှုကြောင့် ပြင်ပကမ္ဘာမှ အထီးကျန်ဖြစ်ခဲ့ရသည်။ ၂ဝဝ၈ ခုနှစ်တွင် အခြေခံဥပဒေသစ်တစ်ရပ် ကို စစ်အစိုးရက ပြဋ္ဌာန်းခဲ့ပြီး ဒီမိုကရေစီဆီသို့ တရွေ့ရွေ့တက်လှမ်းကာ ဆယ်စုနှစ်များစွာ နိုင်ငံတကာဝိုင်းကြဉ်မှုမှာလည်း အဆုံးသတ်တော့မည် ဟု မျှော်လင့်ချက်များပေးလျက် ရှိနေပါသည်။

Ref: focustaiwan.com
ယခုအပတ်ထုတ် မြန်မာအင်ဒီပဲန်ဒင့်ဂျာနယ်

မပြည့်စုံ မလုံလောက်သောဥပဒေနှင့်ဘဏ်စနစ်များနှင့်မဖွံ့ဖြိုး သေးသော အခြေခံအဆောက်အအုံကြောင့်
မြန် မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်မှာအခြေအနေမရင့်မှည့်သေးကြောင်း မြန်မာနိုင်ငံအခြေစိုက်
ထိုင်ဝမ် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက  ပြောကြားခဲ့သည်။ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၏ ယေဘုယျမူဝါဒများကိုအတည်ပြုချမှတ်ခဲ့သော်ငြား၊လုပ်ထုံးလုပ်နည်း အသေးစိတ်
ကိုမူ မရေးဆွဲရသေးသည်မှာ ရင်းနှီးမြှုပ်နှံသူများအတွက် ဆုံးရှုံး နစ်နာစရာ တစ်စုံတစ်ရာရှိနေကြောင်း၊ အ
မည်မဖော်လိုသူ အဆိုပါ လုပ်ငန်းရှင်က ဆိုပါသည်။ ထို့ပြင် မြန်မာ နိုင်ငံတွင် နိုင်ငံခြားဘဏ်များ မရှိသေး
ဘဲ ကိုယ်စားလှယ် ရုံးများသာ ရှိကြောင်းလည်း သူက ပြောသည်။

လောလောဆယ်တွင် ထိုင်ဝမ်မှ ကိုယ်စားလှယ်ရုံး ဖွင့်ထားသည့် တစ်ခုတည်းသောဘဏ်မှာ ပထမဘဏ် (First Bank)ဖြစ်သည်။ မြန်မာတွင် လေဘာဖြည့်ဆည်းနိုင်အားကအလျှံပယ်ရှိသော်ငြား နိုင်ငံတွင်း နောက်
ထပ်နိုင်ငံခြား ကုမ္ပဏီများပိုမိုများပြားလာပါက လေဘာမလုံ လောက်မှု မြင့်တက် လာနိုင်ဖွယ်ရာ ရှိကြောင်း
သူက ဆိုပါသည်။

မြေဈေးနှုန်းများမှာလည်း လွန်ခဲ့သည့် ၃ နှစ်အတွင်း ၄ ဆမှ ၅ ဆအထိ တက်လာခဲ့ပြီး ဒေသခံ စားသောက်
ဆိုင်တွင် ညစာစားရ သည်မှာ တစ်ခါတစ်ရံ တိုင်ပေထက်ပင် ပိုဈေးကြီးနေသေးကြောင်း၊ စက်မှုဇုန်အတွင်း လျှပ်စစ် ဓာတ်အားဖြည့်ဆည်းနိုင်မှုမှာ တိုးတက်လာ သော်လည်း လောလောဆယ်တွင် နေ့စဉ် ၇ နာရီ မီး
မှာင် ကျဆဲဖြစ် ကြောင်းနှင့် ပြင်ပကမ္ဘာသို့စီးပွားရေးကိုအပြည့်အဝဖွင့်လှစ်ပေးမည်ဆိုပါက အရှေ့တောင်
အာရှတွင် အမြန်ဆုံး ထွန်းသစ် လာမည့် နိုင်ငံ ဖြစ်နိုင်ကြောင်းလည်း သူက ပြောကြားခဲ့သည်။

မြန်မာ့စီးပွားရေးမှာကမ္ဘာ့ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးတစ်ခုဖြစ်ပြီး၁၉၆၂ ခုနှစ်မှ၂ဝ၁၁ခုနှစ်အထိ စစ်အစိုးရအုပ်ချုပ်
မှုကြောင့် ပြင်ပကမ္ဘာမှ အထီးကျန်ဖြစ်ခဲ့ရသည်။ ၂ဝဝ၈ ခုနှစ်တွင် အခြေခံဥပဒေသစ်တစ်ရပ် ကို စစ်အစိုးရ
က ပြဋ္ဌာန်းခဲ့ပြီး ဒီမိုကရေစီဆီသို့ တရွေ့ရွေ့တက်လှမ်းကာ ဆယ်စုနှစ်များစွာ နိုင်ငံတကာဝိုင်းကြဉ်မှုမှာလည်း အဆုံးသတ်တော့မည် ဟု မျှော်လင့်ချက်များပေးလျက် ရှိနေပါသည်။

Ref: focustaiwan.com
မြန်မာအင်ဒီပဲန်ဒင့်ဂျာနယ်

0 comments:

Post a Comment