Pages

Thursday, January 17, 2013

စီမံကိန်းများရပ်ဆိုင်းပါက မြန်မာနိုင်ငံကပို၍ နစ်နာဖွယ်ရှိဟု တရုတ်စီးပွားကူးသန်းဝန်ကြီးပြောကြား

စီမံကိန်းများရပ်ဆိုင်းပါက မြန်မာနိုင်ငံကပို၍ နစ်နာဖွယ်ရှိဟု တရုတ်စီးပွားကူးသန်းဝန်ကြီးပြောကြား

ကျော်ဇင်ထွန်း(မြစ်မခ)
by Myit Makha Mediagroup on 17 Jan, 2013

ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၏ နေအိမ်၌  ဇန်န၀ါရီလ ၁၇ ရက်နေ့ နံနက် ၉ နာရီခန့်က  သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကျင်းပြုလုပ်ခဲ့သည်။ 

အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံ စီးပွားကူးသန်းရောင်းဝယ်ရေး ဒုတိယ၀န်ကြီး မစ္စတာ ချန်းကျန့်၊ တရုတ်သံအမတ်ကြီး မစ္စတာ ယွန်းဟာ၊ မြန်မာနိုင်ငံ၌ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ထားသည့် တရုတ်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊တာဝန်ရှိသူများနှင့်စာနယ်ဇင်းဆရာများ တက်ရောက်ခဲ့သည်။ 

မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များကြောင့် တရုတ်ရင်းနှီးမြှပ်နှံသူများ၏ ယုံကြည်မှုအားကို မထိခိုက်နိုင်ကြောင်း၊ လုပ်ငန်းကြီးတိုင်း အခက်အခဲရှိတတ်ကြသည်မှာ ဓမ္မတာ ပင်ဖြစ်ပြီး ပြဿနာဖြစ်ပေါ်ရသည့် အကြောင်းအရင်းကို စေ့စပ်သေချာစွာ သုံးသပ်စဉ်းစားရန် လိုကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အခက်အခဲများ ဖြေရှင်းနိုင်ပြီး ယင်းဖြစ်ရပ်များ ကြောင့်   နှစ်နိုင်ငံစီးပွားရေးတိုးတက်မှုအပေါ် ထိခိုက်မှုရှိစရာအကြောင်းမရှိကြောင်း  ဒုတိယ၀န်ကြီး မစ္စတာ ချန်းကျန့်က ပြောကြားခဲ့သည်။ 

‘ကျွန်တော်တို့ CNPC ကုမ္ပဏီက ဂက်(စ) ပိုက်လိုင်းချတဲ့နေရာမှာ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ဆောင်ရွက်ခဲ့တာပါ။ ပိုက်လိုင်းတွေကို   မြေအောက် ၁.၂ မီတာအနက်မှာမြှုပ်ပြီး ချထားတာ ဖြစ်ပါတယ်။ စီမံချက်လုပ်ငန်းဒေသတွင်းက ထိခိုက်နစ်နာတဲ့ လူထုအတွက်   လျော်ကြေးပေးရာမှာ လည်း ဒေသအာဏာပိုင်များ၊ ဒေသခံတောင်သူလယ်သမားများနဲ့ တိုင်ပင်ဆွေးနွေးညှိနှိုင်းပြီးမှ ပေးခဲ့တာ   ဖြစ်ပါတယ်။’ ဟု ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် သဘာဝဓါတ်ငွေ့တူးဖေါ်ရေး လုပ်ငန်းဆောင်ရွက်နေသည့် CNPC ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြုပ်နှံလိုသည့် ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံမှ  ဥပဒေများနှင့် ဒေသဓလေ့ထုံးစံ များအား လေးစားရ မည်ဖြစ်ကြောင်း ဒေသခံလူထုအတွက် စီမံချက်လုပ်ငန်းတွေ များမှ အကျိုးအမြတ်ရရှိခံစားနိုင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

 “မြန်မာနိုင်ငံရဲ့ ဥပဒေတွေနဲ့ ဒေသဓလေ့ထုံးစံတွေကို လေးစားလိုက်နာမှုမရှိတဲ့ တရုတ်ကုမ္ပဏီတွေကို လိုအပ်သလို အရေးယူဆောင်ရွက် သွားမှာပါ။ တချို့ကောလာဟာလတွေ၊ ပုံကြီးချဲ့ပြောဆိုမှုတွေကြောင့်တော့ ကုမ္ပဏီအပေါ်အတိုင်းအတာ တစ်ခုထိ ဂယက်ရိုက်မှုရှိပါတယ်။ CNPC ကုမ္ပဏီအနေနဲ့ လည်း စာနယ်ဇင်းသမားတွေကို ကုမ္ပဏီလုပ်ငန်းခွင်တည်ရှိတဲ့နေရာကို လာရောက်လေ့လာနိုင်ဖို့ ဖိတ်ခေါ်သင့်ပါတယ်။’ ဟု ဒုတိယ၀န်ကြီးချန်းကျန့်က အကြံပြု ပြောကြားခဲ့သည်။ 

 ‘နိုင်ငံတိုင်းကြုံတွေ့ရလေ့ရှိတဲ့ အခက်အခဲတချို့ရှိတာကလွဲလို့ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေဟာ အတော်လေးတိုးတက်   ကောင်းမွန်လာတာကို တွေ့ရပါတယ်။ မြန်မာအစိုးရဟာ အဲဒီအခက်ခဲတွေကို ဖြတ်ကျော်ဖို့  ကြိုးပမ်းအားထုတ်နေတာကို   တွေ့ရမှာဖြစ်ပါတယ်။ ဒီအခက်အခဲတွေဟာ ယာယီ အခက်အခဲတွေပါ။ သဘာဝသယံဇာတတွေ ပေါကြွယ်လှတဲ့ မြန်မာနိုင်ငံအဖို့ အခွင့်အလမ်းကောင်းတွေ အများကြီးရှိနေပါတယ်။ ‘ ဟု ဒုတိယ၀န်ကြီးက ဆက်ပြောသည်။ 

 ဂျပန်အပါအ၀င် အနောက်နိုင်ငံများ မြန်မာနိုင်ငံသို့ဝင်ရောက်လာသည့်အတွက် တရုတ်နှင့်မြန်မာတို့၏ အကျိုးစီးပွားကို ထိခိုက်မှု မရှိနိုင်ကြောင်း တရုတ်နိုင်ငံ၌လည်း အနောက်နိုင်ငံနှင့် ဂျပန်မှကုမ္ပဏီ များစွာရှိကြောင်း ၄င်းကဆိုသည်။ 

 ‘ ပွင့်လင်းမြင်သာမှုရှိဖို့ အရေးကြီးပါတယ်။ စာနယ်ဇင်းသမားတွေအနေနဲ့လည်း စီမံချက်ဒေသတွေကို ကိုယ်တိုင်သွားရောက် လေ့လာ သင့်ပါတယ်။ တိုးတက်ချင်ရင် ကျွန်တော်တို့ အပြန်အလှန်ထိတွေ့ ဆက်ဆံဖို့လိုပါတယ်။  ဒါမှသာ ကျွန်တော်တို့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် နားလည်ကြမှာ ဖြစ်ပါတယ်။ အရှိကို အရှိအတိုင်း လက်ခံဖို့လည်း လိုပါတယ်။ တချို့စီမံချက်ဒေသတွေမှာ ဆန္ဒပြတဲ့သူတွေဟာ ဒေသခံတွေ မဟုတ်ဘဲ အဝေးကလာတဲ့သူတွေဖြစ်နေတာတွေ့ရတယ်။’ ဟု ဒုတိယ၀န်ကြီးက မှတ်ချက်ပြုပြောကြားခဲ့သည်။ 

တရုတ်စီမံကိန်းလုပ်ငန်းများရပ်ဆိုင်းသွားပါက တရုတ်အနေဖြင့် ထိခိုက်နစ်နာမှုရှိသည်ထက် မြန်မာနိုင်ငံအတွက်ပို၍ ထိခိုက်နစ်နာဖွယ်ရှိကြောင်း ပြောကြားကာ သတင်းစာရှင်းလင်းပွဲကို နံနက် ၁၀ နာရီ ၁၀ ခန့်တွင် ရုပ်သိမ်းခဲ့သည်။

အေးချမ်းမွန်မှ  Myit Makha Mediagroup တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၏ နေအိမ်၌ ဇန်န၀ါရီလ ၁၇ ရက်နေ့ နံနက် ၉ နာရီခန့်က သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကျင်းပြုလုပ်ခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံ စီးပွားကူးသန်းရောင်းဝယ်ရေး ဒုတိယ၀န်ကြီး မစ္စတာ ချန်းကျန့်၊ တရုတ်သံအမတ်ကြီး မစ္စတာ ယွန်းဟာ၊ မြန်မာနိုင်ငံ၌ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ထားသည့် တရုတ်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊တာဝန်ရှိသူများနှင့်စာနယ်ဇင်းဆရာများ တက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များကြောင့် တရုတ်ရင်းနှီးမြှပ်နှံသူများ၏ ယုံကြည်မှု
အားကို မထိခိုက်နိုင်ကြောင်း၊ လုပ်ငန်းကြီးတိုင်း အခက်အခဲရှိတတ်ကြသည်မှာ ဓမ္မတာ ပင်ဖြစ်ပြီး ပြဿ
နာဖြစ်ပေါ်ရသည့် အကြောင်းအရင်းကို စေ့စပ်သေချာစွာ သုံးသပ်စဉ်းစားရန် လိုကြောင်း၊ နှစ်နိုင်ငံပူးပေါင်း
ဆောင်ရွက်ခြင်းအားဖြင့်အခက်အခဲများ ဖြေရှင်းနိုင်ပြီးယင်းဖြစ်ရပ်များ ကြောင့် နှစ်နိုင်ငံစီးပွားရေးတိုးတက်
မှုအပေါ် ထိခိုက်မှုရှိစရာအကြောင်းမရှိကြောင်း ဒုတိယ၀န်ကြီး မစ္စတာ ချန်းကျန့်က ပြောကြားခဲ့သည်။

ကျွန်တော်တို့ CNPCကုမ္ပဏီက ဂက်(စ) ပိုက်လိုင်းချတဲ့နေရာမှာ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ဆောင်ရွက်
ခဲ့တာပါ။ ပိုက်လိုင်းတွေကို မြေအောက် ၁.၂ မီတာအနက်မှာမြှုပ်ပြီး ချထားတာ ဖြစ်ပါတယ်။ စီမံချက်လုပ်
ငန်းဒေသတွင်းက ထိခိုက်နစ်နာတဲ့ လူထုအတွက် လျော်ကြေးပေးရာမှာ လည်း ဒေသအာဏာပိုင်များ၊ ဒေ
သခံတောင်သူလယ်သမားများနဲ့ တိုင်ပင်ဆွေးနွေးညှိနှိုင်းပြီးမှ ပေးခဲ့တာ ဖြစ်ပါတယ်။’ ဟုရခိုင်ပြည်နယ်
ကျောက်ဖြူမြို့နယ်တွင် သဘာဝဓါတ်ငွေ့တူးဖေါ်ရေး လုပ်ငန်းဆောင်ရွက်နေသည့် CNPC ကုမ္ပဏီမှ တာဝန်
ရှိသူတစ်ဦးက ရှင်းလင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြုပ်နှံလိုသည့် ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံမှ ဥပဒေများနှင့် ဒေသ
ဓလေ့ထုံးစံ များအား လေးစားရ မည်ဖြစ်ကြောင်း ဒေသခံလူထုအတွက် စီမံချက်လုပ်ငန်းတွေ များမှ အကျိုး
အမြတ်ရရှိခံစားနိုင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

“မြန်မာနိုင်ငံရဲ့ ဥပဒေတွေနဲ့ ဒေသဓလေ့ထုံးစံတွေကို လေးစားလိုက်နာမှုမရှိတဲ့ တရုတ်ကုမ္ပဏီတွေကို လို
အပ်သလို အရေးယူဆောင်ရွက် သွားမှာပါ။ တချို့ကောလာဟာလတွေ၊ ပုံကြီးချဲ့ပြောဆိုမှုတွေကြောင့်တော့ ကုမ္ပဏီအပေါ်အတိုင်းအတာ တစ်ခုထိ ဂယက်ရိုက်မှုရှိပါတယ်။ CNPC ကုမ္ပဏီအနေနဲ့ လည်း စာနယ်ဇင်း
သမားတွေကို ကုမ္ပဏီလုပ်ငန်းခွင်တည်ရှိတဲ့နေရာကို လာရောက်လေ့လာနိုင်ဖို့ ဖိတ်ခေါ်သင့်ပါတယ်။’ ဟု ဒုတိယ၀န်ကြီးချန်းကျန့်က အကြံပြု ပြောကြားခဲ့သည်။

‘နိုင်ငံတိုင်းကြုံတွေ့ရလေ့ရှိတဲ့ အခက်အခဲတချို့ရှိတာကလွဲလို့ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေဟာ အတော်လေးတိုးတက် ကောင်းမွန်လာတာကို တွေ့ရပါတယ်။ မြန်မာအစိုးရဟာ အဲဒီအခက်ခဲတွေကို ဖြတ်
ကျော်ဖို့ ကြိုးပမ်းအားထုတ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီအခက်အခဲတွေဟာ ယာယီ အခက်အခဲတွေ
ပါ။ သဘာဝသယံဇာတတွေ ပေါကြွယ်လှတဲ့ မြန်မာနိုင်ငံအဖို့ အခွင့်အလမ်းကောင်းတွေ အများကြီးရှိနေပါ
တယ်။ ‘ ဟု ဒုတိယ၀န်ကြီးက ဆက်ပြောသည်။

ဂျပန်အပါအ၀င် အနောက်နိုင်ငံများ မြန်မာနိုင်ငံသို့ဝင်ရောက်လာသည့်အတွက် တရုတ်နှင့်မြန်မာတို့၏ အ
ကျိုးစီးပွားကို ထိခိုက်မှု မရှိနိုင်ကြောင်း တရုတ်နိုင်ငံ၌လည်း အနောက်နိုင်ငံနှင့် ဂျပန်မှကုမ္ပဏီ များစွာရှိ
ကြာင်း ၄င်းကဆိုသည်။

ပွင့်လင်းမြင်သာမှုရှိဖို့ အရေးကြီးပါတယ်။ စာနယ်ဇင်းသမားတွေအနေနဲ့လည်း စီမံချက်ဒေသတွေကို ကိုယ်
တိုင်သွားရောက် လေ့လာ သင့်ပါတယ်။တိုးတက်ချင်ရင် ကျွန်တော်တို့ အပြန်အလှန်ထိတွေ့ ဆက်ဆံဖို့လိုပါ
တယ်။ ဒါမှသာ ကျွန်တော်တို့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် နားလည်ကြမှာ ဖြစ်ပါတယ်။ အရှိကို အရှိအ
တိုင်း လက်ခံဖို့လည်း လိုပါတယ်။ တချို့စီမံချက်ဒေသတွေမှာ ဆန္ဒပြတဲ့သူတွေဟာ ဒေသခံတွေ မဟုတ်ဘဲ အဝေးကလာတဲ့သူတွေဖြစ်နေတာတွေ့ရတယ်။’ ဟု ဒုတိယ၀န်ကြီးက မှတ်ချက်ပြုပြောကြားခဲ့သည်။

တရုတ်စီမံကိန်းလုပ်ငန်းများရပ်ဆိုင်းသွားပါက တရုတ်အနေဖြင့် ထိခိုက်နစ်နာမှုရှိသည်ထက် မြန်မာနိုင်ငံ
အတွက်ပို၍ ထိခိုက်နစ်နာဖွယ်ရှိကြောင်း ပြောကြားကာ သတင်းစာရှင်းလင်းပွဲကို နံနက် ၁၀ နာရီ ၁၀ ခန့်
တွင် ရုပ်သိမ်းခဲ့သည်။
 
 
Myit Makha Mediagroup 

0 comments:

Post a Comment