Pages

Thursday, January 17, 2013

အစိုးရ၏ အမျိုးသားစီမံကိန်းများ အကောင်အထည်ဖော်မှု ပြည်ထောင်စုလွှတ်တော် စောင့်ကြည့်မည်

ပြည်ထောင်စုအစိုးရအဖွဲ့မှတင်သွင်းသည့် အမျိုးသားစီမံကိန်းများကို အတည်ပြုပြဋ္ဌာန်းပြီးပါက ၎င်းစီမံကိန်းများအား အောင်မြင်ရန် တာဝန်ခံလုပ်ဆောင်ပါမည်ဆိုသော နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ တာဝန်ယူမှု တာဝန်ခံမှုများကို ပြည်ထောင်စုလွှတ်တော်က စောင့်ကြပ်စစ်ဆေးရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်က ပြောသည်။“လွှတ်တော်က အဓိကလုပ်ရမှာက အမျိုးသားစီမံကိန်းပါ မူဝါဒတွေ၊ ရည်မှန်းချက်တွေ၊ လုပ်ငန်းစဉ်တွေကို အောင်မြင်အောင် တာဝန်ယူ၊ တာဝန်ခံပြီး လုပ်ပါ့မယ်ဆိုတဲ့ နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကို စောင့်ကြည်စစ်ဆေးဖို့ပါပဲ” ဟု ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး ပထမ
နေ့တွင်ဦးခင်အောင်မြင့်က ပြောသည်။

ထို့အပြင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ဆောင်ရွက်နေသော လုပ်ငန်းစဉ်များသည် အောက်ခြေရှိ ပြည်သူလူထုအပေါ် ထိရောက်မှု ရှိ၊ မရှိကိုလည်း စစ်ဆေးကြရန်လိုကြောင်း ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌကပြောကြားခဲ့သည်။

“ဒီမိုကရေစီနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းက လူများစုအတွက် ချမ်းမြေ့မှုမြင့်မားအောင် ဖြည့်ဆည်းပေးနိုင်ရမယ်လို့ ပြောခဲ့တယ်။ ကျွန်တော်တို့ကရော ပြည်သူအများစုဖြစ်တဲ့ ကျေးလက်ဒေသ ပြည်သူတွေရဲ့ ဘ၀သာယာချမ်းမြေ့မှု ဘယ်လောက်မြှင့်တင်နိုင်ခဲ့ပြီလဲ။ စဉ်းစားဖို့လိုပါတယ်” ဟု ဦးခင်အောင်မြင့်ကဆိုသည်။

ဥက္ကဋ္ဌက ဆက်လက်ပြောကြားရာတွင် မြန်မာနိုင်ငံ၏ အခြေခံလူတန်းစားများဖြစ်သည့် တောင်သူလယ်သမားများ အားလပ်သည့်ကာလတွင် အခြားအလုပ်အကိုင် လုပ်ကိုင်စရာမရှိခြင်းကလည်း အလုပ်လက်မဲ့ပြဿနာ ဖြစ်ပေါ်စေရေး အကြောင်းတစ်ရပ်ဖြစ်ပြီး ကျေးရွာများတွင် လယ်မရှိ၊ ယာမရှိ၊ လှည်းမရှိ၊ နွားမရှိသော အလုပ်လက်မဲ့များ အများ အပြားရှိနေသေးသည်ဟု ဆိုသည်။

ယခုအခါ နှစ်စဉ်နှစ်တိုင်း စပါးဈေးများသည် ကုန်ထုတ်လုပ်မှုစရိတ်ကိုပင် မကာမိအောင် ကျဆင်းလာနေသဖြင့် တောင်သူ လယ်သမားများ လယ်ယာမြေကို စွန့်ပစ်သွားလျှင် ဆန်ကို အားပြု စားသုံးနေရသော မြန်မာနိုင်ငံအတွက် ပြဿနာပေါ်လာနိုင်သဖြင့် အဆိုပါကိစ္စအား သတိပြုရန်လိုကြောင်း ဦးခင်အောင်မြင့်ကပြောသည်။နိုင်ငံတိုးတက်မှုရှိစေရေးအတွက် အမျိုးသားစီမံကိန်းဥပဒေနှင့် ပြည်ထောင်စုအစိုးရ၏ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းကို ပြည်သူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် လွှတ်တော်ကိုယ်စားလှယ်များ သေချာစိစစ်ကြရန်လိုကြောင်းနှင့် အဆိုပါဥပဒေအတိုင်း အစိုးရအဖွဲ့မှ ဆောင်ရွက်မှု ရှိ၊ မရှိ စစ်ဆေးရန်လိုကြောင်း
၎င်းကဆိုသည်။

“အန်တီတို့ကတော့ ပြည်သူ့မျက်နှာပဲ ကြည့်တာပါပဲ။ အဲဒါကို အစိုးရအဖွဲ့က အချို့ပုဂ္ဂိုလ်တွေက ဘတ်ဂျက်ဖြတ်လို့ဆိုပြီး မကျေနပ်ကြဘူး။ မလိုရင်တော့ ဖြတ်ရမှာပဲလေ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေကပြောသည်။
 7days News:

0 comments:

Post a Comment