လူလုံးဝ မပါပါဘူး။ဆိုင်တစ်ခုလုံးစက်ရုံကချည်းအလုပ်လုပ်နေတဲ့စားသောက်ဆိုင် ဖြစ်ပါတယ်။တရုတ်နိုင်ငံ
ဘေကျင်းမြို့ မှာ ဖွင့်လှစ်ထားပြီး စုစုပေါင်းကုန်ကျစရိတ်ကအမေရိကန် ဒေါ်လာ ၈သန်းမကရှိတယ်လို့ ဆိုပါ
တယ်။ အစား အသောက် ချက်တာကအစ စက်ရုပ်တွေဆိုတော့ တကယ့်ထူးခြားအံ့သြဖွယ်ရာပါပဲ။
တရုတ်က စတဲ့ နည်းပညာတစ်ခုလုံး မှတ်တမ်း တင်ရလောက်ပါတယ်။ စားပွဲထိုး၊ စားဖိုမှူး၊ သန့်ရှင်းရေး၊
ဖျော်ဖြေရေး အစရှိသဖြင့် အားလုံးတို့က စက်ရုပ်တွေချည်း ပြုလုပ်တာ ဖြစ်ပါတယ်။
စင်ပေါ်မှာ စက်ရုပ်ကသီချင်းဆိုပြ၊ ကပြပါတယ်။ ဆိုင်ထဲမှာ စက်ရုပ်တွေ သွားလာဖို့အတွက် လမ်းလုပ်ပေး
ထားပြီး သူ့လည်ပတ်မှု ပုံစံအတိုင်း သွားလာ နေပါတယ်။ အစားအသောက် ချက်ခန်းမှာလည်း စက်ရုပ်စား
ဖိုမှူး များ ကိုယ်တိုင်ချက်ပြုတ်နိုင်အောင် ပရိုဂရမ်သွင်းထားပြီး သူ့ပုံစံအတိုင်း လည်ပတ်နေပါတယ်။ ယင်း စက်ရုပ်အားလုံးကို အရေးအကြောင်း ဆိုရင် သိအောင် Control Room ကနေလည်း ထိန်းချုပ် ပေးနိုင်ပါ
တယ်။
သူတို့အတွက် ထမင်းစားချိန်လည်းပေးပါတယ်။စက်ရုပ်ဆိုတော့ထမင်းမစား ပါဘူး။လျှပ်စစ်ဓာတ်အားသွင်း
တဲ့အချိန်က
မှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)
0 comments:
Post a Comment