Pages

Thursday, January 17, 2013

ဒမ်ဘာဘာရဲ့ဂိုး လှပေမယ့် ချဲလ်ဆီး မနိုင်ခဲ့

Photo: ဒမ်ဘာဘာရဲ့ဂိုး လှပေမယ့် ချဲလ်ဆီး မနိုင်ခဲ့

ဒမ်ဘာဘာ ဒုတိယအကြိမ်မြောက် ပွဲထွက်ခွင့်ရရှိခဲ့ပြီး ပထမပိုင်းမှာ ၂ဂိုးပြတ် ဦးဆောင်နိုင်ခဲ့တဲ့ ချဲလ်ဆီးဟာ ဒုတိယပိုင်းမှာ ဆောက်သမ် တန်ရဲ့မြန်နှုန်းမြင့် ကစားဟန်ကို ထိန်းနိုင်ခြင်းမရှိလို့ ၂ဂိုးပြန်ပေးခဲ့ရပြီး အိမ်ကွင်းမှာ သရေတစ်မှတ်သာ ရရှိခဲ့ပါတယ်။ ပထမပိုင်း မိနစ်၂၀ အထိ နှစ်သင်းစလုံး ထိရောက်တဲ့ ထိုးဖောက်မှုတွေ မပြုလုပ်နိုင်
ပေမယ့် နောက် ၅ မိနစ်အကြာမှာတော့ အော်စကာ ခေါင်းတိုက်ချပေး
ရာကနေ ကျလာတဲ့ဘောလုံးကို နောက်ခံလူနှစ်ယောက် ကာဆီးထား တဲ့ကြားက ဒမ်ဘာဘာက လှပတဲ့ မြေမကျကန်ချက်နဲ့ ချဲလ်ဆီး အတွက် အဖွင့်ဂိုး ရယူပေးနိုင်ခဲ့ပါတယ်။ အဲဒီ့နောက်မှာ ရိုဒရီဂွက်ဇ်က အဝေးကန်ချက်နဲ့ ချဲလ်ဆီးဘက်ကို ပြန်ခြိမ်းခြောက်ခဲ့ပြီး ချဲလ်ဆီး အတွက် ဒုတိယဂိုးကိုတော့ ရာမီရက်ဇ်ရဲ့ ဘားထိထွက်လာတဲ့ ကန်ချက်ကတစ်ဆင့် ဟာဇတ်က အပေါ်ထောင့်ထဲ အပြင်းကန်သွင်း ယူသွားခဲ့တာပါ။

ဒုတိယပိုင်းအစမှာလည်း ချဲလ်ဆီးတို့ ပွဲကို ဆက်လက်စိုးမိုးနိုင် ခဲ့ပေမယ့် ၅၈မိနစ်အရောက်မှာ ဆိုင်နီရဲ့ ဖြတ်တင်ဘောကို ရစ်ကီလမ်ဘတ်က ဧရိယာထိပ်က ခေါင်းတိုက်ပြီး ချေပဂိုး တစ်ဂိုး ပြန်သွင်းခဲ့ပါတယ်။ အဲဒီ့နောက်မှာ ချဲလ်ဆီး ကစားပုံပျက်လာ ခဲ့ပြီး ဆောက်သမ်တန်တို့ကတို့ တောင်ပံတွေကနေ ချဲလ်ဆီးဘက်ကို ထိုးဖောက်သွားခဲ့တာ တွေ့ရပါတယ်။ အဲဒါကြောင့် ၇၅မိနစ်မှာ ဘယ်တောင်ပံကနေ လူကီရှော ဖြတ်တင်ပေးတာကိုပန်ချွန်က
ပြေးဝင်ကန်သွင်းယူသွားတာပါ။ အဲဒီ့နောက်မှာ တောရက်စ်ကိုထည့် ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် လိုအပ်တဲ့အနိုင်ဂိုး မဖန်တီးနိုင်ခဲ့လို့ မန်ယူနဲ့ ၁၃မှတ် ကွာဟတဲ့အထိ ပေးဆပ်မှုတန်ဖိုး ကြီးသွားခဲ့ရပါတယ်။

အေးချမ်းမွန်မှ  YoYarLay တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

ဒမ်ဘာဘာ ဒုတိယအကြိမ်မြောက် ပွဲထွက်ခွင့်ရရှိခဲ့ပြီး ပထမပိုင်းမှာ ၂ဂိုးပြတ် ဦးဆောင်နိုင်ခဲ့တဲ့ ချဲလ်ဆီး
ဟာ ဒုတိယပိုင်းမှာ ဆောက်သမ် တန်ရဲ့မြန်နှုန်းမြင့် ကစားဟန်ကို ထိန်းနိုင်ခြင်းမရှိလို့ ၂ဂိုးပြန်ပေးခဲ့ရပြီး အိမ်ကွင်းမှာ သရေတစ်မှတ်သာ ရရှိခဲ့ပါတယ်။ ပထမပိုင်း မိနစ်၂၀ အထိ နှစ်သင်းစလုံး ထိရောက်တဲ့ ထိုးဖောက်မှုတွေ မပြုလုပ်နိုင်ပေမယ့် နောက် ၅ မိနစ်
အကြာမှာတော့ အော်စကာ ခေါင်းတိုက်ချပေးရာကနေ ကျလာတဲ့ဘောလုံးကို နောက်ခံလူနှစ်ယောက် ကာ
ဆီးထား တဲ့ကြားက ဒမ်ဘာဘာက လှပတဲ့ မြေမကျကန်ချက်နဲ့ ချဲလ်ဆီး အတွက် အဖွင့်ဂိုး ရယူပေးနိုင်ခဲ့ပါ
တယ်။ 
 
အဲဒီ့နောက်မှာ ရိုဒရီဂွက်ဇ်က အဝေးကန်ချက်နဲ့ ချဲလ်ဆီးဘက်ကို ပြန်ခြိမ်းခြောက်ခဲ့ပြီးချဲလ်ဆီးအတွက် ဒုတိ
ယဂိုးကိုတော့ ရာမီရက်ဇ်ရဲ့ ဘားထိထွက်လာတဲ့ ကန်ချက်ကတစ်ဆင့် ဟာဇတ်က အပေါ်ထောင့်ထဲ အပြင်း
ကန်သွင်း ယူသွားခဲ့တာပါ။

ဒုတိယပိုင်းအစမှာလည်း ချဲလ်ဆီးတို့ ပွဲကို ဆက်လက်စိုးမိုးနိုင် ခဲ့ပေမယ့် ၅၈မိနစ်အရောက်မှာ ဆိုင်နီရဲ့ ဖြတ်
တင်ဘောကို ရစ်ကီလမ်ဘတ်က ဧရိယာထိပ်က ခေါင်းတိုက်ပြီး ချေပဂိုး တစ်ဂိုး ပြန်သွင်းခဲ့ပါတယ်။ 
 
အဲဒီ့နောက်မှာ ချဲလ်ဆီး ကစားပုံပျက်လာ ခဲ့ပြီး ဆောက်သမ်တန်တို့ကတို့ တောင်ပံတွေကနေ ချဲလ်ဆီးဘက်
ကို ထိုးဖောက်သွားခဲ့တာ တွေ့ရပါတယ်။ အဲဒါကြောင့် ၇၅မိနစ်မှာ ဘယ်တောင်ပံကနေ လူကီရှော ဖြတ်တင်
ပးတာကိုပန်ချွန်ကပြေးဝင်ကန်သွင်းယူသွားတာပါ။ အဲဒီ့နောက်မှာ တောရက်စ်ကိုထည့် ပြီး တိုက်စစ်မြှင့်ခဲ့
ပေမယ့် လိုအပ်တဲ့အနိုင်ဂိုး မဖန်တီးနိုင်ခဲ့လို့ မန်ယူနဲ့ ၁၃မှတ် ကွာဟတဲ့အထိ ပေးဆပ်မှုတန်ဖိုး ကြီးသွားခဲ့ရ
ပါတယ်။
 
 
YoYarLay

0 comments:

Post a Comment