လိုက်ရပါတယ်။ သူကတော့ ရောင်းမထွက်ခဲ့ပါဘူး။ သို့ပေမယ့် လေလံဈေးမှာ ဒီလိုဈေးကြီးပြိုင်ကားတွေ
မကြာခဏ ရောက်တတ်ပါတယ်။ ဒီတော့ မြန်မာငွေနဲ့ တွက်ကြည့်တဲ့အတွက် ကျပ်သိန်း ၂၅၀၀ ကျော်ဖြစ်
ပါတယ်။ ဂျပန်လေလံဈေးရောက်ရင် အဲ့လောက် ဈေးမကြီးတော့ ပါဘူး။
တစ်ဝက်လောက်လဲ ကျနိုင်ပြီး မြန်မာကျပ် သိန်း ၁ထောင် လောက်သာ ကျန်တတ်ပါတယ်။ ဒါက ကား
Condition နဲ့လည်းဆိုပါသေးတယ်။သို့ပေမယ့် သေချာတာကတော့သိန်း ၃ထောင်ဝန်းကျင်ထက် ပိုမကုန်နိုင်
တဲ့ ကားဖြစ်ပါတယ်။ အင်ဂျင်ပါဝါကလည်း ၆၆၀၀ စီစီ ဆိုတော့ မြန်မာပြည်အရောက် သွင်းမယ်ဆိုရင် လက်
ထဲ သိန်း ၃ထောင်ဝန်းကျင်ရှိရင် လုံလောက်ပါတယ်။
အင်ဂျင်ပါဝါ ၆၀၀၀ စီစီနီးပါး၊ ပစ်စတင် ၁၂လုံးပူး V အင်ဂျင် ကိုသုံးပြီးဖော်မြူလာဝမ်းပြိုင်ကားနည်းပညာ
န
၂၀၀၆ ခုနှစ်ကနေ၂၀၁၂အထိပဲထုတ်ပြီး၂၀၁၃ မှာ F12Berlinettaထွက်မှာမို့ရပ်တန့်တော့မှာဖြစ်ပါတယ်။
ဒါကြောင့် ပဲ ဈေးကြီးတယ်လို့ပဲ ဆိုမလားတော့မသိဘူး။ ဂျပန်မှာက ယန်း ၁ထောင်နီးပါး ပေါက်နေပါတယ်။ အမေရိကန်ငွေနဲ့ တွက်ရင် ၁၂သိန်းဖြစ်နေတော့ ကမ္ဘာ့ဈေးကြီးကား စာရင်းတောင် ဝင်နိုင်ပါသေးတယ်။
ဂီယာ ၆ချက် ရိုးရိုးကိုသုံးပြီး တစ်နာရီ ၂၀၅ မိုင်ပြေး တဲ့ ပြိုင်ကားဖြစ်ပါတယ်။ ကားအမိုးနဲ့ ရှေ့ ခေါင်းကို အလူမီနီယံသားနဲ့ပြီးတော့ ဘော်ဒီအစိတ်အပိုင်းကိုတော့ ကာဘွန်ဖိုက်ဘာနဲ့ ပြုလုပ်ထားပါတယ်။ မြင်း
ကောင်ရေ အား ၆၁၂ ထုတ်လုပ်နိုင်တဲ့ ကားဖြစ်ပြီး ဒါတောင် တာဘို ချာဂျာ၊ စူပါချာဂျာ တပ်ဆင်မထား
သေးပါဘူး။
ပြိုင်ကားဖြစ်တဲ့အတွက် အဲရိုဒိုင်းနမစ်ကို ဦးစားပေးလုပ်ထားပါတယ်။ပြိုင်ကား ဖြစ်တဲ့အတွက် အတွင်းမှာ
ဇိမ်ခံပစ္စည်းကတော့ဆလွန်းတွေလောကများမှာ မဟုတ်ပါဘူး။ GPS,အဲယားကွန်း၊ပါဝါဝင်းဒိုး၊ တံခါးပေါက်၊
In car Entertainment စတာတွေတော့ ပါဝင်ပါတယ်။ အီလက်ထရောနစ် ပစ္စည်းကတော့ ကိုယ့်စိတ်ကြိုက်
ပြန်လည်တပ်ဆင်လို့ရပါတယ်။
အရှည်၁၈၃.၇လက်မ၊အကျယ် ၇၇.၂လက်မ၊ အမြင့် ၅၂.၆ လက်မ ကိုယ်စီအတိုင်းရှိပြီး ၃၇၂၁ ပေါင် ပဲလေး
ပါတယ်။ 599GTO, AS Amerta, 599XX, 599XXEVO, 599GTB60F1, Superfast Aperta, Superamerica 45, HGTE Package အစရှိသဖြင့် စပယ်ရှင်ဗားရှင်းတွေလည်း သီးသန့်ထုတ်ပါသေးတယ်။ ယင်းစပယ်ရှယ်
ဗားရှင်းဆိုရင်ဂျပန်တို့ဖော်ပြထားတဲဈေးလို များနိုင်ပါတယ်။ဥပမာ Superfastဆိုရင် တစ်စီးထဲထုတ်ခဲ့တာ
ဖြစ်ပါတယ်။ သူတို့လိုမျိုး သာရှာဝယ်မယ်ဆိုရင် ပိုင်ရှင်တောင် မရောင်းလောက်ပါဘူး။ရောင်းမယ်ဆိုရင်
တောင် အမေရိကန်ဒေါ်လာ သန်းနဲ့ချီမှာ ဖြစ်ပါတယ်။
တံခါး နှစ်ပေါက်၊ အမိုးလုံ Roaster – Ferrari 599 GTB ကို အောက်ပါလခ့်မှာ ဝင်ရောက် ရှာဖွေနိုင်ပါတယ်။
အောင်ခမ်း (TSJ team)
TechSpace Journal
0 comments:
Post a Comment