Pages

Wednesday, January 16, 2013

တောင်ကိုရီးယား သမ္မတသစ် အစိုးရသစ် ဖွဲ့စည်း လက်ရှိ ဝန်ကြီးဌာန ၁၅ ခု အပြင် ဝန်ကြီးဌာန ၃ ခု ထပ်တိုး ဖွဲ့စည်းသွားမည့် အလားအလာ ရှိ

တောင်ကိုရီးယား သမ္မတသစ် အစိုးရသစ် ဖွဲ့စည်း လက်ရှိ ဝန်ကြီးဌာန ၁၅ ခု အပြင် ဝန်ကြီးဌာန ၃ ခု ထပ်တိုး ဖွဲ့စည်းသွားမည့် အလားအလာ ရှိ

တောင်ကိုရီးယား သမ္မတသစ် အဖြစ် ရွေးချယ်ခံ ထားရသော Park Geun-hye ၏ အသွင် ကူးပြောင်းရေး အဖွဲ့သည် အစိုးရသစ် ဖွဲ့စည်းမှုအား ယခု သီတင်းပတ် အစောပိုင်းတွင် ထုတ်ပြန် ကြေညာသွားရန် ရှိပြီး လက်ရှိ ဝန်ကြီးဌာန ၁၅ ခု အပြင် ဝန်ကြီးဌာန ၃ ခု ထပ်တိုး ဖွဲ့စည်းသွားမည့် အလားအလာ ရှိကြောင်း တောင်ကိုရီးယား အရာရှိ များက ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။

အသွင် ကူးပြောင်းရေး ကော်မတီသည် အစိုးရသစ် ဖွဲ့စည်းမှု ပုံစံ ရေးဆွဲ နေမှုမှာ နောက်ဆုံး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း အရာရှိ များက ပြောကြား ခဲ့ပါသည်။ အဆိုပါ အစိုးရသစ် ပုံစံ ရေးဆွဲ ထားမှုအား အတည်ပြုချက် ရရှိရန် အတွက် ပါလီမန်သို့ တင်သွင်းသွားမည် ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် သမ္မတ အဖြစ် စတင် တာဝန် ထမ်းဆောင်မည့် Park Geun-hye သည် ဝန်ကြီးချုပ် နေရာနှင့် အခြားသော အစိုးရ အဖွဲ့ဝင် နေရာများ အတွက် ယခု သီတင်းပတ် အတွင်းတွင် ရွေးချယ်သွားရန် စီစဉ်ထားကြောင်း၊ ထို့ပြင် ဝန်ကြီးချုပ် နေရာ အတွက် အဆိုပြု ရွေးချယ် ထားသူအား လာမည့် သီတင်းပတ်တွင် ထုတ်ပြန် ကြေညာရန် ၎င်းအနေ ဖြင့် မျှော်လင့် ထားကြောင်း သိရှိ ရပါသည်။

http://www.myawady.net.mm/allnews/global/item/4533-2013-01-16-15-29-36#.UPaO9p0seJ8

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

တောင်ကိုရီးယား သမ္မတသစ် အဖြစ် ရွေးချယ်ခံ ထားရသော Park Geun-hye ၏ အသွင် ကူးပြောင်းရေး အဖွဲ့သည် အစိုးရသစ် ဖွဲ့စည်းမှုအား ယခု သီတင်းပတ် အစောပိုင်းတွင် ထုတ်ပြန် ကြေညာသွားရန် ရှိပြီး လက်ရှိ ဝန်ကြီးဌာန ၁၅ ခု အပြင် ဝန်ကြီးဌာန ၃ ခု ထပ်တိုး ဖွဲ့စည်းသွားမည့် အလားအလာ ရှိကြောင်း တောင်ကိုရီးယား အရာရှိ များက ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။ အသွင် ကူးပြောင်းရေး ကော်မတီသည် အစိုးရသစ် ဖွဲ့စည်းမှု ပုံစံ ရေးဆွဲ နေမှုမှာ နောက်ဆုံး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း အရာရှိ များက ပြောကြား ခဲ့ပါသည်။ အဆိုပါ အစိုးရသစ် ပုံစံ ရေးဆွဲ ထားမှုအား အတည်ပြုချက် ရရှိရန် အတွက် ပါလီမန်သို့ တင်သွင်းသွားမည် ဖြစ်ပါသည်။
 
 ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် သမ္မတ အဖြစ် စတင် တာဝန် ထမ်းဆောင်မည့် Park Geun-hye သည် ဝန်ကြီးချုပ် နေရာနှင့် အခြားသော အစိုးရ အဖွဲ့ဝင် နေရာများ အတွက် ယခု သီတင်းပတ် အတွင်းတွင် ရွေးချယ်သွားရန် စီစဉ်ထားကြောင်း၊ ထို့ပြင် ဝန်ကြီးချုပ် နေရာ အတွက် အဆိုပြု ရွေးချယ် ထားသူအား လာမည့် သီတင်းပတ်တွင် ထုတ်ပြန် ကြေညာရန် ၎င်းအနေ ဖြင့် မျှော်လင့် ထားကြောင်း သိရှိ ရပါသည်။



 မြ၀တီ

0 comments:

Post a Comment