Pages

Wednesday, January 16, 2013

ကချင်ပြည်နယ် တိုက်ပွဲသည် လဂျားယန်စခန်း ပတ်ဝန်းကျင်ရှိ တောင်ကုန်းများကို ရှင်းလင်းသိမ်းပိုက်ခြင်းသာ ဖြစ်ပြီး လိုင်ဇာကို ထိုးစစ်ဆင်ခြင်း မဟုတ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ပြောကြား

ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသော စစ်ပွဲများသည် လဂျားယန်စခန်း ပတ်ဝန်းကျင်ရှိ တောင်ကုန်းများကို ရှင်းလင်း သိမ်းပိုက်ခြင်းသာ ဖြစ်ပြီး လိုင်ဇာကို ထိုးစစ်ဆင်ခြင်း မဟုတ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးရဲထွဋ်ကဇန်န၀ါရီလ၁၆ ရက်နေ့ထုတ် 7Days News ဂျာနယ် အင်တာဗျူးတွင် ပြောကြား
ခဲ့သည်။
"လဂျားယန် စခန်း ပတ်ဝန်းကျင်က တောင်ကုန်းများကို ရှင်းလင်း သိမ်းပိုက်ခြင်းသာ ဖြစ်ပါတယ်။ လိုင်ဇာ
ကို ထိုးစစ်ဆင်ခြင်း၊ ကေအိုင်အေကို အပြီးတိုင် ချေမှုန်းခြင်း မဟုတ်ပါဘူး။ တပ်မတော် အနေနဲ့ လမ်းပန်း
ဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ နယ်မြေဒေသ အေးချမ်း တည်ငြိမ်ရေးနဲ့ မိမိကိုယ်မိမိ ခုခံကာ
ကွယ်နိုင်ရေးအတွက် လိုအပ်သလောက် အင်အားသာ အသုံးပြုပြီး စစ်ရေးအရ ပြန်လည်တုံ့ပြန်မှုများ
ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတရဲ့ အမိန့်ဖြစ် မိမိကိုယ်မိမိ ခုခံကာကွယ်မှုကလွဲပြီး ထိုးစစ်ဆင်မှု မပြုလုပ်ဖို့ဆိုတဲ့ အမိန့်အတိုင်း လိုက်နာ ဆောင်ရွက်လျက် ရှိပါတယ်”ဟု ဦးရဲထွဋ်က ပြောကြားခဲ့သည်။

ထို့အပြင်လဂျားယန်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများသည် ပြီးခဲ့သည့် လများစွာအတွင်း ကေအိုင်အေ

အဖွဲ့မှခြေကုတ်ယူပြီး လဂျားယန်စခန်းတွင် ရှိသည့် တပ်မတော်အဖွဲ့ဝင်များ၊ လဂျားယန် စခန်းကို ရိက္ခာ
လာရောက် ပို့ဆောင်သည့် တပ်မတော် စစ်ကြောင်းများကို တိုက်ခိုက်ခဲ့သည့် နေရာများကို မိမိတို့၏ တပ်ဖွဲ့ဝင်များက လုံခြုံရေးနှင့် မြစ်ကြီးနား၊ ဗန်းမော် ကားလမ်း ပြန်လည် အသုံးပြုနိုင်ရန်အတွက် ရှင်းလင်းသည့် စစ်ဆင်ရေးဖြစ်ကြောင်း ဦးရဲထွဋ်က ပြောပါသည်။

သို့သော် တပ်မတော်မတော်မှ ထိုးစစ်ဆင်ခြင်းဟု ပြောဆိုနေသော်လည်း KIA အနေဖြင့် ခံစစ်သာမက

 ရှောင်စစ်ဖြင့်ပင် ပြန်လည်ခုခံနေရကြောင်း ပင်လုံစာချုပ်ချုပ်ဆိုရာတွင် ပါဝင်ခဲ့သည့် ဒူဝါ ခွန်ဖုန်း၏ သားဖြစ်သူ ဟိုဝါး ဒူဝါဇော်ဂမ်က ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် မဇ္ဈိမသတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

"မြန်မာအစိုးရ သတင်းစာမှာ ကြားရတဲ့ အတိုင်းဆိုရင်တော့ တပ်မတော်က ထိုးစစ်ဆင်တာ မဟုတ်ပါဘူး

တဲ့။ သူတို့ စခန်းမှာ သူတို့ ရိက္ခာပို့တာ အဲဒီမှာ KIA က လာတိုက်တယ်။ အရင်တုန်းက အစိုးရစခန်းတွေ မရှိ
တာ၊ ခုရှိလာတာက ဘယ်သူက ထိုးစစ်ဆင်တယ်လို့ ပြောရမှာလဲ။KIA ကဖိတ်ခေါ်လို့လား။တဖက်သတ်ကြီး
လည်း စဉ်းစားလို့ မရဘူး လေ။ 

အခုက ထိုးစစ်ဆင်တယ်လို့ ပြောရမှာက တပ်မတော်က ထိုးစစ် ဆင်တာလား။ KIA ကထိုးစစ် ဆင်တာလား
ဆို တာ ကျနော်တို့ ဝေဖန်ကြည့်ရမယ်။ KIO ကလည်း ခံစစ်သဘောနဲ့ပဲ တက်လာတဲ့ စစ်ရန်ကိုတော့ လမ်း
ဖတ်တာတို့ သူတို့ ရန်သူ မလာနိုင်အောင် ကြိုးစားတာပေါ့။ ခုက လေယာဉ်ပျံနဲ့ လာတဲ့အခါကျတော့ငုံ့ခံနေ
ရတာပေါ့။ လေကြောင်းနဲ့ တိုက်နေတာက ပြည်သူတွေကိုပဲထိခိုက်တယ်ဆိုတာဒါက KIAခံစစ် မဟုတ်တော့
ဘူး။ ရှောင်စစ် ဖြစ်နေတာ။ ဆိုတော့ ရှောင်တဲ့လူတွေက ထိုးစစ်ဆင်တာလား။ ပစ်တဲ့လူတွေက ထိုးစစ်ဆင်
တာလား။ 

ကျနော်တို့ဝေဖန်တာထက် ကလေးကို မေးကြည့်ရင်တောင် သိပါတယ်”ဟု ဒူဝါ ဇော်ဂမ်က မဇ္ဈိမသတင်း
ဌာနသို့ ပြောပါသည်။


Eleven Media Group

0 comments:

Post a Comment