Pages

Wednesday, January 16, 2013

ခွင့်ပြုချက်မရှိဘဲ တရားမ၀င် ၀င်ရောက်လာသော တရုတ်နိုင်ငံသား ၂ ဦးအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဇန်န၀ါရီ ၁၆
၁၁-၁-၂၀၁၃ ရက်နေ့ ၁၆၄၅ အချိန် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ၊ နားလုံရွာ၌ တရုတ်နိုင်ငံ၊ ရန်ကျန်းမြို့၊ ယိုဆုံလီရွာနေ ကော်ချိုင်းဝမ်း(၂၅)နှစ်နှင့်ရင်ကျန်းမြို့၊ နန်ယုန်ရွာနေ ကုန်းအန်းထည်(၄၄)နှစ်တို့ ၂ ဦးအား နယ်မြေခံတပ်စစ်ကြောင်းမှ ဖမ်းဆီးရမိခဲ့သဖြင့် ၁၅-၁-၂၀၁၃ ရက်နေ့ ၁၀၃၀အချိန် မြစ်ကြီးနားမြို့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံခဲ့သည်။ စစ်ဆေးချက်အရ ၎င်းတရုတ်နိုင်ငံသား ၂ ဦးသည် မြန်မာနိုင်ငံအတွင်းသို့ ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ တရားမ၀င် ၀င်ရောက်လာကြောင်း စစ်ဆေးသိရှိရသဖြင့် မြစ်ကြီးနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ အရေးယူပေးရန်တိုင်တန်းခဲ့သောကြောင့် မြစ်ကြီးနား အမှတ်(၂)ရဲစခန်း(ပ)၁၂/၂၀၁၃၊ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၁၃(၁)ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

0 comments:

Post a Comment