ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
လာမည့် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ၌ ယခုကဲ့သို့ အအေးလွန်ကဲမှု
ထပ်မံကြုံတွေ့ရမည်ဖြစ်ပြီး မပြင်းထန်နိုင်၍ များစွာ စိုးရိမ်ရန်
မလိုကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ကပြောသည်။ဇန်န၀ါရီ လကုန်ပိုင်းနှင့် ဖေဖော်ဝါရီလတွင် အအေးလွန်ကဲမှုဖြစ်စဉ် နောက်တစ်ကြိမ်ကြုံတွေ့ရနိုင်ကြောင်း
မိုး/ဇလ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်ကလည်းပြောသည်။
အိမ်နီးချင်းနိုင်ငံများတွင် စံချိန်တင် အေးနေခြင်းကြောင့်
မြန်မာနိုင်ငံတွင်လည်း ဇန်န၀ါရီ ၉ ရက်မှစကာ အအေးလွန်ကဲခဲ့ပြီး
ဒေသအချို့တွင်ထူးထူးကဲကဲ အေးခဲ့သည်။ဇန်န၀ါရီ၁၁ ရက်မှာ တစ်နိုင်ငံလုံးတွင်အအေး
ဆုံးရက်ဖြစ်ခဲ့ပြီး ဇန်န၀ါရီ ၁၈၊ ၁၉ ရက်အထိ အေးနိုင်သေးကြောင်း ၎င်းတို့က ခန့်မှန်းသည်။
7Day News
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ) |

0 comments:
Post a Comment