Pages

Wednesday, January 16, 2013

“Faecbook ရှာဖွေရေး Feature သစ် Graph Search ကို စတင်မိတ်ဆက်”


facebook graph search

Facebookအတွက် ရှာဖွေရေး Featureသစ် တစ်ခုဖြစ်သော Graph Searchကို ယခုအခါ စတင် မိတ်ဆက်
လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။ အင်္ဂါနေ့က ကမ္ဘာကျော် Social Network ဝက်ဘ်ဆိုက်ကြီးသည် ၎င်းတို့၏ ကိုယ်ပိုင် ရှာဖွေမှု ကဏ္ဍသစ်ကို စတင်ဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။
မာ့ခ်ဇက်ကာဘာ့ဂ် အနေဖြင့် Facebookတွင် လိုအပ်ချက် တစ်ခုသဖွယ် ဖြစ်နေသော ကွင်းဆက်ကို စတင်
 ဖြည့်တင်းပေးလိုက်ခြင်းလည်း ဖြစ်သည်။ Facebookကို ကမ္ဘာ့လူဦးရေ (၁)ဘီလျံကျော်က ပုံမှန် သုံးစွဲနေပြီး ဓာတ်ပုံပေါင်း ဘီလျံ (၂၄၀)ကျော်မျှ လွှင့်တင်ခဲ့ကြသည်။ Facebookတွင် အပြန်အလှန် ချိတ်ဆက်မှု Social Graphမှာ (၁)ထရီလျံမျှ ရှိလာခဲ့သည်။

facebook graph search

Facebookသည် ၎င်း၏ social network အတွင်းရှိ ဓာတ်ပုံနှင့် အခြား အချက်အလက်များကို အလွယ်တကူ ရှာဖွေစေနိုင်မည့် နည်းလမ်းတစ်ခုအဖြစ် Graph Searchကို ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။ "ဒီလို ဓာတ်ပုံတွေ အချက်အလက်တွေကို Facebook မှာ လွယ်လွယ်ကူကူ ရှာဖွေနိုင်ဖို့ ဆိုတာကိုက ခက်ခဲတဲ့ ပြဿနာ တစ်ခု ဖြစ်လာခဲ့ပါတယ်"ဟု ဇက်ကာဘာ့ဂ်က ဆိုသည်။

၎င်းက "Graph Searchဟာ ခင်ဗျားတို့ဆီက တောင်းဆိုလိုက်တဲ့ ရှင်းလင်းတဲ့ မေးခွန်းတွေအတွက် ရှင်းလင်း
တဲ့ အဖြေကို ပြန်ပေးဖို့ ဒီဇိုင်းရေးဆွဲထားတာပါ"ဟု ပြောကြားသွားခဲ့သည်။

facebook graph search

Graph Searchကြောင့် Facebook အသုံးပြုသူ တစ်ဦးသည် ဝက်ဘ်ဆိုက်ကို အသုံးပြုနေရင်းပင် အခြားသော နယ်ပယ်တစ်ခုသို့ ကူးပြောင်းစရာ မလိုတော့ဘဲ Social Mediaကွန်ရက်ကျယ်ကြီး အတွင်းမှ လည်ပတ်နေ
aသာ ဓာတ်ပုံ၊ ဗီဒီယို၊ နေရာနှင့် လူပုဂ္ဂိုလ်များနှင့် သက်ဆိုင်ရာ အချက်အလက်များကို ရှာဖွေနိုင်ည် ဖြစ်
သည်။ 

ဥပမာအားဖြင့် Photo of My Friendsဆိုသော ဝေါဟာရမျိုးဖြင့် ရှာဖွေပါက သက်ဆိုင်ရာ ဓာတ်ပုံများနှင့် ပတ်သက်ပြီး Likeနှင့် Commentများပါ ဖော်ထုတ်ပေးမည် ဖြစ်သည်။ ယခုဝန်ဆောင်မှုအတွက် Facebook
သည် Microsoft၏ Search Engineဖြစ်သော Bingနှင့် ပူးပေါင်းခဲ့သည်။


Facebook၏ ခြေလှမ်းသည် အင်တာနက် Web Trafficကို ပိုမို အပိုင်စီး ထိန်းချုပ်ရန် ဦးတည်မှုသဖွယ် ဖြစ်
လာနိုင်ပြီး ရှာဖွေမှု ကဏ္ဍကို Social Media နယ်ပယ် အတွင်း၌သာ လည်ပတ်နေရန် ရည်ရွယ်သည့် သဘော
 ဖြစ်လာသည်။ 

Facebookသည် မိမိ၏ ဝက်ဘ်ဆိုက်ကို အသုံးပြုသူများအား အခြားသော ဝက်ဘ်ဆိုက်တစ်ခုသို့ မကူးပြောင်း
မိလောက်အောင် ထိန်းထားနိုင်ရန် အဆုံးစွန်သော ရည်ရွယ်ချက် ထားရှိပြီးနောက် လိုအပ်ချက်များကို တစ်
ဆင့်ချင်း ပိုမို ဖြည့်ဆည်းလာခဲ့သည်။ 

လတ်တလောတွင် Graph Searchမှာ စမ်းသပ်အဆင့်သာ ရှိသေးပြီး Facebook သုံးစွဲသူ အားလုံး အသုံးပြု
ခွင့် ရဦးမည် မဟုတ်သေးဘဲ အကန့်အသတ်သာ ရှိနေဆဲဟုလည်း သိရှိရသည်။ Facebook Graph Search ကို အသုံးပြုခွင့်ရပြီဖြစ်ကြောင်း Facebook ထံမှ အကြောင်းကြားမှုကို ဤနေရာမှတစ်ဆင့် Waiting List တွင် ပါဝင်ထားနိုင်မည်ဖြစ်သည်။

Source: MSN

0 comments:

Post a Comment