Pages

Wednesday, January 16, 2013

မားစ်ဂြိုဟ်တွင် တစ်ချိန်က ပန်းများပွင့်ခဲ့ဟု ယူဆရ

မားစ်ဂြိုဟ်တွင် တစ်ချိန်က ပန်းများပွင့်ခဲ့ဟု ယူဆရ

မားစ်ဂြိုဟ်ပေါ် ရောက်ရှိနေသည့် လေ့လာရေး ယာဉ်ငယ် Curiosity (ဖိုးစပ်စု)သည် ဂြိုဟ်မျက်နှာပြင်ပေါ်
တွင် ပန်းများပွင့်ခဲ့ကြောင်း ယူဆရသည့် အခြေအနေမျိုးကို ဖော်ထုတ်လာနိုင်ခဲ့သည်။မားစ်ဂြိုဟ်၏ ကျောက်
သားထုထဲတွင် ပန်းပွင့်ဟု ယူဆရသည့် နစ်မြုပ်တည်ရှိ ဖွဲ့စည်းမှုမျိုးကို Curiosityက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဂြိုဟ်နီကြီးဟု တင်စားခေါ်ဝေါ် ခံရသောမားစ်၏အထီးကျန် မြေမျက်နှာပြင်ပေါ်တွင် မြွေကဲ့သို့ တွန့်ခေါက်နေ
သော ကျောက်သားတည်ဆောက်ပုံ တစ်ခုကိုလည်း Curiosityက ဖော်ထုတ် တွေ့ရှိထားသေးသည်။ မားစ်
ဂြိုဟ်ပေါ်မှ ပန်းပွင့်ပုံ ဖြစ်နေသော ကျောက်သားနမူနာကို ဒီဇင်ဘာ (၁၉)ရက်နေ့ ကတည်းက Curiosityက ဓာတ်ပုံ ရိုက်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။



ထိုကျောက်သား၏ အသွင်သဏ္ဍန်သည် ထူးဆန်းပြီး ပန်းပွင့်တစ်ပွင့် ကျောက်ဖြစ်သွားခြင်းဟု ယူဆ ဆွေးနွေးမှုများ ထွက်ပေါ်လာခဲ့သည်။

NASAကမူ မားစ်ဂြိုဟ်မျက်နှာပြင်ပေါ်တွင် ရေရှိနိုင်သည်ဆိုသော အချက်အလက်ကို အတည်ပြုနိုင်ရန် အ
ဓိက အာရုံစိုက် လေ့လာနေဆဲ ဖြစ်သည်။ NASAသည် လေ့လာတွေ့ရှိချက်နှင့် ဓာတ်ပုံအချို့ကို ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ယေဘုယျ ဖော်ပြခဲ့သော်လည်း ကျန်အသေးစိတ် သုတေသန မှတ်တမ်းများကို လျှို့ဝှက်
ထားသည်။ အချို့သော အင်တာနက် ဝက်ဘ်ဆိုက် ဖိုရမ်များတွင် ပန်းပွင့်ပုံ ကျောက်သား အကြွင်းအကျန်
သည် တစ်ချိန်က မားစ်ဂြိုဟ်ပေါ် ပွင့်လန်းခဲ့သည့် ပန်းတစ်ပွင့်၏ ကျောက်ဖြစ်ရုပ်ကြွင်းဟု အခိုင်အမာ
ဆွေးနွေးတင်ပြမှုများ ရှိလာခဲ့သည်။



Curiosityသည် ဇန်နဝါရီလ (၄)ရက်နေ့က ကျဉ်းမြောင်းရှည်လျားသည့် မြင်ကွင်း ကင်မရာမှတစ်ဆင့် ချိုင့်
ကျင်းကြီး တစ်ခုကိုလည်း တွေ့ရှိခဲ့သည်။ ယင်းသည် ဥက္ကာခဲတစ်ခု ဝင်ဆောင့်ထားရာမှ ဖြစ်ပေါ်လာသည့် ရပ်ဝန်းဟု ယူဆနိုင်ပြီး NASAက YellowknifeBayinsideဟု အမည်ပေးထားသည်။

ယင်းနေရာတွင် တွေ့ရှိသည့် မြွေပုံသဏ္ဍန် ကျောက်သား ဖြစ်တည်မှုကိုလည်း NASAက Snake Riverဟု အမည်ခေါ်ဆိုထားသည်။ အနက်ရောင် ကျောက်သားသည် ကွေးကောက် တည်ရှိနေပြီး အနီးရှိ ပြားချပ်
သော ကျောက်သားများထက် မြင့်တက်လျှက်ရှိသည်။

ဒါဟာ စိတ်ရှုပ်စရာအချက်တွေထဲက တစ်ခုပဲ"ဟုCuriosity၏ ပရောဂျက်ဆိုင်ရာ သိပ္ပံပညာရှင် တစ်ဦးဖြစ်
သော ဂျွန်ဂရော့ဇင်ဂါက ပြောကြားခဲ့သည်။ "ပတ်ဝန်းကျင် ကျောက်သားတွေနဲ့ ဖြစ်တည်ပုံ ကွဲပားနေပြီး
 ကျောက်လွှာတွေ အုံလိုက်ကျင်းလိုက် ထပ်လာရာကနေ ဖြစ်ပေါ်လာသလိုပဲ"ဟုလည်း ၎င်းက မှတ်ချက်ပြု
ခဲ့သည်။

Curiosityကို မားစ်ဂြိုဟ်သို့ လွှတ်တင်ရေး Missionသည် ဒေါ်လာ (၂.၅)ဘီလျံ ကုန်ကျခဲ့သည်။ ၎င်းသည် ယမန်နှစ်၊ ဩဂုတ်လ (၅)ရက်နေ့က မားစ်၏ မျက်နှာပြင်ပေါ် စတင်ရောက်ရှိခဲ့ပြီး (၂)နှစ်ကြာ ထမ်းဆောင်
မည့် မားစ်ဂြိုဟ်ပေါ်တွင် သက်ရှိများ ပေါက်ဖွားရှင်သန်နိုင်သည့် အခြေအနေ ရှိမရှိ လေ့လာရေး တာဝန်ကို စတင်ခဲ့သည်။

Source: FoxNews

0 comments:

Post a Comment