Pages

Wednesday, November 21, 2012

ရန်ကုန်မြို့ Summit Parkview ဟိုတယ်တွင် ကျင်းပခဲ့သည့် မင်္ဂလာဆောင်တစ်ခုမှ လက်ဖွဲ့ပစ္စည်းနှင့် ငွေများအား နှစ်ဖက်ဆွေမျိုးဟန်ဆောင်ကာ လိမ်လည်ယူဆောင်မှု ဖြစ်ပွား

ရန်ကုန်မြို့ဒဂုံမြို့နယ်၊ အလုံလမ်းရှိ Summit Parkview ဟိုတယ် တွင် နိုဝင်ဘာလ ၃ရက်နေ့က ကျင်းပခဲ့သည့် မင်္ဂလာဆောင်တစ်ခုမှလက်ဖွဲ့ပစ္စည်းများအားနှစ်ဖက်ဆွေမျိုးဟန်ဆောင်၍လက်ဖွဲ့ပစ္စည်း များနှင့် ငွေသား
များအား လိမ်လည်ယူဆောင်သွားမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါဟိုတယ်တွင်နိုဝင်ဘာလ၃ရက်နေ့မွန်းလွဲ၁နာရီမှ၂နာရီခွဲအချိန်ထိကျင်းပခဲ့သည့် မင်္ဂလာဆောင်တစ်
ခုတွင်လက်ဖွဲ့ပစ္စည်းများအားလိမ်လည်ရယူရန်ကြိုးပမ်းသူမှမင်္ဂလာပွဲမကျင်းပမီအချိန်ကပင် ၀င်ထွက်သွား
လာမှုများပြုလုပ်ကာမင်္ဂလာပွဲအတွက်ရောက်ရှိလာသည့်သတို့သား၊သတို့သမီးအားအလှပြင်ရန် လိုက်လံ
ပို့ဆောင်ပေးခြင်း၊
 
နှစ်ဖက်မိဘများအားသတ်မှတ်အခန်းများသို့လိုက်လံပို့ဆောင်ပေးခြင်း စသည့်ကြိုဆိုမှုများ ပြုလုပ်ပြီးနောက် လက်ဖွဲ့ပစ္စည်းလက်ခံနေရာတွင်လက်ဖွဲ့လက်ခံမှုအားသတို့သားဘက်မှဆွေမျိုးများနှင့်အတူ လက်ခံပေးခဲ့
သည်ဟု သတို့သား၏ အစ်ကိုက ဆိုသည်။
 
လက်ဖွဲ့ပစ္စည်းလက်ခံတဲ့ ကောင်မလေးတွေကို သတို့သမီးရဲ့ ဦးလေးပါဆိုပြီး လက်ဖွဲ့တွေ အတူလက်ခံ ရယူတယ်။ ပွဲမစခင်ကတည်းက ရောက်နေတဲ့အပြင် အကြိုအပို့ပါ လုပ်ပေးနေတော့ ဟိုတယ်ဝန်ထမ်းလိုလို အစကထင်တယ်။နှစ်ဖက်မိဘကလည်းရင်းနှီးမှုအားနည်းတော့သူ့ဆွေမျိုးလိုလို၊ ကိုယ့်ဆွေမျိုးလိုလို ဖြစ်နေ
တယ်၊ 
 
မင်္ဂလာမောင်နှံပွဲထုတ်ချိန်၊စတင်ချိန်၊လူအများအာရုံပြောင်းချိန်မှာလက်ဖွဲ့ပစ္စည်းလက်ခံတဲ့ ကောင်မလေး
တွေကိုမင်္ဂလာအစီအစဉ်သွားကြည့်ပါပြောပြီးသူကလက်ဖွဲ့တွေငွေတွေကြည့်ထားမယ်ပြောပြီး ကောင်မလေး
တွေ ထွက်သွားတော့မှ ကားနဲ့တင်သွားတယ်၊ ခန့်မှန်းတန်ဖိုးကတော့ ပစ္စည်းရော ငွေသားပါဆို သိန်း ၃၀ ဖိုးဝန်းကျင် ပါသွားတယ်” ဟု ဆွေမျိုးတော်သူက ဆိုသည်။
 
အဆိုပါလိမ်လည်သူအား မင်္ဂလာဆောင် မှတ်တမ်းများနှင့် စီစီတီဗီ မှတ်တမ်းများမှ ပြန်လည်ရှာ ဖွေရာတွင် လိမ်လည်သူမှာမှတ်တမ်းတင်ရိုက်ကူးမှုအားလုံးအားကျွမ်းကျင်စွာတိမ်းရှောင်ခဲ့ခြင်း၊လက်ဖွဲပစ္စည်းတင်ဆောင်
သွားသည့်အငှားယာဉ်အားနံပါတ်မှတ်သားခဲ့မှုမရှိခြင်း၊ဟိုတယ်အတွင်းကျွမ်းကျင်စွာ သွားလာနိုင်ခြင်းတို့
ကြောင့်လိမ်လည်ခံရသူများမှဟိုတယ်အတွင်းလူပါဝင်ကြံစည်သည်ဟုယူဆမိသဖြင့်ဟိုတယ်မှ တာဝန်ရှိသူ
တစ်ဦးအား ပြောကြားရာ တာဝန်ရှိသူမှ ဟိုတယ်အတွင်း ဆက်လက်စုံစမ်းပေးမည်ဟု ကတိပြုပြောဆိုမှု ရှိခဲ့သော်လည်းလက်ရှိကာလအထိ ထူးခြားမှုမရှိခဲ့ကြောင်း ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောပါသည်။
 
 
ဖြစ်စဉ်အားဟိုတယ်တာဝန်ရှိသူထံဆက်သွယ်မေးမြန်းရာ တာဝန်ယူ ဖြေဆိုမည့်သူများမရှိဟု ဖြေကြားခဲ့ပါ
သည်။   
Eleven Media Group

0 comments:

Post a Comment