Pages

Wednesday, November 21, 2012

ဆေးလိပ် သောက်သုံးသူ ၄၄ ရာခိုင်နှုန်းတွင် ဆီးချို၊ သွေးချိုရောဂါ ဖြစ်ပွားလျက်ရှိ

Photo: ဆေးလိပ် သောက်သုံးသူ ၄၄ ရာခိုင်နှုန်းတွင် ဆီးချို၊ သွေးချိုရောဂါ
ဖြစ်ပွားလျက်ရှိ
Tuesday, 20 November 2012

ဆီးချိုသွေးချို ရောဂါ ကာကွယ် ထိန်းသိမ်းရေး စီမံချက်မှ ဆရာဝန် တစ်ဦးရဲ့ ပြောကြားချက် အရ ပြည်တွင်းမှာ ဆေးလိပ် သောက်သုံး သူများရဲ့ ၄၄ ရာခိုင်နှုန်းဟာဆီးချိုသွေးချို ရောဂါ ဖြစ်ပွား လျက်ရှိတယ်လို့ သိရပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ စစ်တမ်း ကောက်ယူမှု အရ ပြည်တွင်းမှာ ဆေးလိပ် သောက်သုံး နေသူ ၃၀.၉ ရာခိုင်နှုန်း ရှိနေပြီး အဲ့ဒီအထဲက ၂၂ ရာခိုင်နှုန်းဟာ နေ့စဉ် ဆေးလိပ် သောက်သုံးမှု ရှိနေ တာဖြစ်ပါတယ်။

ဒီလို ဆေးလိပ် သောက်သုံးမှု တွေဟာ ပြည်တွင်းမှာ သာမက
ပြည်ပနိုင်ငံ တွေမှာပါ များပြားနေတဲ့ အတွက် လာမယ့် ၂၀၂၀ ခုနှစ်ကို ရောက်ရှိတဲ့ အခါ ကမ္ဘာ့လူဦးရေ ၆ မီလီယံ သေဆုံးနိုင် တဲ့အထိ ခန့်မှန်း ထားတယ်လို့ သိရပါတယ်။

အခုလို ဆေးလိပ် သောက်သုံးမှုကြောင့် အသက်ဆုံးရှုံး စေနိုင်တဲ့ အကြောင်းအရာတွေ ကတော့ ဆီးချို၊ သွေးချို ရောဂါ ဖြစ်ပွားမှု သာမက အဆုတ်ကင်ဆာ ရောဂါလည်း အများဆုံး ဖြစ်ပွားကာ အသက် အန္တရာယ်ကို ထိခိုက်စေ နိုင်တာ ဖြစ်ပါတယ်။

နိုင်ငံတကာမှာ ပြီးခဲ့တဲ့ ၂၀၀၁ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေ အရ မြန်မာနိုင်ငံဟာ ဆေးလိပ်သောက်သုံးမှု သာမက ကွမ်းစားနှုန်း မှာလည်း အများဆုံး နိုင်ငံဖြစ်ပြီး ပြည်တွင်းရှိ ကွမ်းစားနှုန်း ပမာဏဟာ ၅၁.၄ ရာခိုင်နှုန်း ရှိနေတယ်လို့ သတင်း ရရှိပါတယ်။

MRTV - 4
ဆီးချိုသွေးချို ရောဂါ ကာကွယ် ထိန်းသိမ်းရေး စီမံချက်မှ ဆရာဝန် တစ်ဦးရဲ့ ပြောကြားချက် အရ ပြည်တွင်းမှာ ဆေးလိပ် သောက်သုံး သူများရဲ့ ၄၄ ရာခိုင်နှုန်းဟာဆီးချိုသွေးချို ရောဂါ ဖြစ် ပွား လျက် ရှိ တယ်လို့ သိရပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ စစ်တမ်း ကောက် ယူမှု အရ ပြည်တွင်းမှာ ဆေးလိပ် သောက်သုံး နေသူ ၃၀.၉ ရာခိုင်နှုန်းရှိနေပြီး အဲ့ဒီအထဲက ၂၂ ရာခိုင်နှုန်းဟာ နေ့စဉ် ဆေးလိပ် သောက်သုံးမှု ရှိနေ တာဖြစ်ပါ
တယ်။



ဒီလို ဆေးလိပ် သောက်သုံးမှု တွေဟာ ပြည်တွင်းမှာ သာမက
ပြည်ပနိုင်ငံ တွေမှာပါ များပြားနေတဲ့ အတွက် လာမယ့် ၂၀၂၀ ခုနှစ်ကို ရောက်ရှိတဲ့ အခါ ကမ္ဘာ့လူဦးရေ ၆ မီလီယံ သေဆုံးနိုင် တဲ့အထိ ခန့်မှန်း ထားတယ်လို့ သိရပါတယ်။

အခုလို ဆေးလိပ် သောက်သုံးမှုကြောင့် အသက်ဆုံးရှုံး စေနိုင်တဲ့ အကြောင်းအရာတွေ ကတော့ ဆီးချို၊ သွေးချို ရောဂါ ဖြစ်ပွားမှု သာမက အဆုတ်ကင်ဆာ ရောဂါလည်း အများဆုံး ဖြစ်ပွားကာ အသက် အန္တရာယ်ကို ထိခိုက်စေ နိုင်တာ ဖြစ်ပါတယ်။

နိုင်ငံတကာမှာ ပြီးခဲ့တဲ့ ၂၀၀၁ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေ အရ မြန်မာနိုင်ငံဟာ ဆေးလိပ်သောက်သုံးမှု သာမက ကွမ်းစားနှုန်း မှာလည်း အများဆုံး နိုင်ငံဖြစ်ပြီး ပြည်တွင်းရှိ ကွမ်းစားနှုန်း ပမာဏဟာ ၅၁.၄ ရာခိုင်နှုန်း ရှိနေတယ်လို့ သတင်း ရရှိပါတယ်။

MRTV - 4

0 comments:

Post a Comment