Pages

Wednesday, November 21, 2012

၃ ပတ်ကြာ ကျင်းပခဲ့တဲ့ KNU ထိပ်သီးအစည်းအဝေး

(ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)
ယမန်နေ့ကကျင်းပပြီးစီးခဲ့သည့်ကရင်အမျိုးသားအစည်းအရုံးKNUဗဟိုကော်မတီအစည်းအဝေးက လက်ရှိ
မြန်မာ့နိုင်ငံရေးအခြေအနေနှင့်အဖွဲ့၏သဘောထားပါရှိသည်ကြေညာချက်တစောင်ကို ယနေ့ထုတ်ပြန်ခဲ့
သည်။ကြေညာချက်တွင်စစ်မှန်သောငြိမ်းချမ်းရေးပေါ်ပေါက်ရေးအတွက်နိုင်ငံရေးပြဿနာများကို ဖြေရှင်း
ရန် မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းများ ဆက်လက် အကောင်အထည်ဖေါ်သွားမည်ဟု ပါရှိ
သည်။
မြန်မာအစိုးရနှင့်ပြုလုပ်နေသည့်ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို KNU အဖွဲ့အတွင်း ဖြစ်ပွားနေသည့် ၀ိဝါဒကွဲပြားမှုပြဿနာများကြောင့်ခေတ္တရပ်ဆိုင်းထားရာမှဗဟိုကော်မတီအစည်းအဝေးအပြီးတွင် အဆိုပါ
ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အစည်းအဝေးကို KNU ဘားအံခရိုင်ရှိ လေးဝါးတပ်စခန်းတွင် ရက်သတ္တ ၃ ပတ်ကြာ ကျင်းပခဲ့သည်။

အစည်းအဝေးဓာတ်ပုံများ၊အစည်းအဝေးမှပြန်လာကြသည့်KNUထိပ်တန်းခေါင်းဆောင်များ၊ ယနေ့ရက်စွဲ
ဖြင့်ထုတ်ပြန်သည့် ကြေညာချက် တို့ကို ပူးတွဲ ဖော်ပြလိုက်ပါသည်။ကြေညာချက် (မြန်မာဘာသာ)၂၁-
၁၁- ၂ဝ၁၂(၁၄)ကြိမ်မြောက်ကွန်ဂရက်အပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏စတုတ္ထအကြိမ်
မြောက်ဗဟိုအမြဲတမ်းကော်မတီအစည်းအဝေး ထုတ်ပြန်ကြေငြာချက်ကေအဲန်ယူ-ကရင်အမျိုးသားအစည်း
အရုံးဗဟိုသည်စတုတ္ထအကြိမ်မြောက်ဗဟိုအမြဲတမ်းကော်မတီအစည်းအဝေးကို၂ဝ၁၂ ခုနှစ် အောက်တို
ဘာလ(၃၁)ရက်နေ့မှနိုဝင်ဘာလ (၂ဝ) ရက်နေ့အထိ ကေအဲန်ယူ နယ် မြေ ဖားအံခရိုင်တွင် ကောင်းမွန်စွာ ကျင်းပနိုင်ခဲ့သည်။

ထိုအစည်းအဝေးတွင်ဗဟိုအမြဲတမ်းကော်မတီနှင့်ဗဟိုအရံအမြဲတမ်းကော်မတီ (၄ဝ) ဦး တက်ရောက်ကြ ပြီး (၄)နှစ်တာကာလအတွင်း အဖွဲ့အစည်း၏ အခြေအနေ၊ နိုင်ငံရေးအခြေအနေများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နည်းဥပဒေများ၊အခြေခံလမ်းစဉ် လုပ်ငန်းစဉ်များကို ကျေကျေလည်လည် ပြန်လည်သုံးသပ်ဆွေးနွေးပြီး ပြင်
ဆင်ဖြည့် စွက် ဆွေးနွေးအတည်ပြုခဲ့ကြသည်။

ထိုနည်းတူကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသည် လတ်တလော ဖြစ်ရှိပြောင်းလဲနေသော မြန်မာ
ပြည်နိုင်ငံရေးအခြေအနေနှင့်တိုင်းရင်းသားလူမျိုးစုများ၏ နိုင်ငံရေးရည်မှန်းချက်များကို ပြန်လည်သုံးသပ်
ဆွေးနွေး နှိုင်းယှဉ်ပြီး ရှေ›လုပ်ငန်းစဉ်များကို အောက်ပါအတိုင်း ချမှတ်နိုင်ခဲ့သည်။

(၁)စစ်မှန်သောငြိမ်းချမ်းရေးပေါ်ပေါက်ရေးအတွက် နိုင်ငံရေးပြဿနာများကို ဖြေရှင်းရန် တွေ့ဆုံဆွေးနွေး
ရေး လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်။

(၂)စစ်မှန်သောပြည်ထောင်စုပေါ်ထွန်းရေးကိုတိုင်းရင်းသားလူမျိုးစုများနှင့်ဒီမိုကရေစီအင်အားစုများဆန္ဒနှင့်
 အညီ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

(၃)ကရင်အမျိုးသားအစည်းအရုံးသည်စစ်မှန်သောငြိမ်းချမ်းရေးပေါ်ပေါက်ရေးကရင်အမျိုးသားများ၏ အကျိုး
ကျေးဇူးခံစားခွင့်ရရှိရေးနှင့်တန်းတူညီတူအခွင့်အရေးရရှိရန်ပြည်တွင်းပြည်ပကရင်များနှင့်ပူးပေါင်း ဆောင်ရွက်
သွားမည်ဖြစ်သည်။
 
   ဗဟိုအမြဲတမ်းကော်မတီ
   ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးဆက်သွယ်ရန်   
- ဗိုလ်မှူး စောလှငွေ  - ဝ၈၄ ၃၈၁၆ ၆၆၄
- ပဒို မန်းငြိမ်းမောင် - ဝ၉ဝ ၇၄၅၉ ၇၃၁
 
ကြေညာချက် (အင်္ဂလိပ်ဘာသာ)
 
OFFICE OF THE SUPREME HEADQUARTERS
KAREN NATIONAL UNION
KAWTHOOLEI
                                                                                                                       
Statement of 4th Meeting of Central Standing Committee of 14th Congress
 
            November 21, 2012
The KNU Supreme Headquarters was able to hold well the 4th Central Standing Committee meeting from October 31to November 20, 2012 in the KNU area of Pa-an District.
Forty central standing committee and central standing committee candidate members attended the meeting and thoroughly reviewed the state of the organization, the KNU’s constitution and bylaws, the basic principles, policies and programs of the KNU and the political situation and, passed decisions and adopted reports, after necessary amendments.
Similarly, after deliberating on the changes currently taking place in the political situation of Burma and the political objectives of the ethnic nationalities, the meeting was able to lay down future work programs as follows.
(1)   For the emergence of genuine peace, the work of dialogue and negotiations will be continued in order to resolve the political problems.
(2)   Effort for emergence of a genuine Union will be made in accordance with the will of and jointly with the ethnic nationalities and the democratic forces.
(3)   For the emergence of genuine peace and for gaining the rights of the Karen people to enjoy the fruit of peace and equality, the KNU will work together with the Karen at home and abroad.
Central Standing Committee
Karen National Union
Contact Point - Major Saw Hla Ngwe, mobile: – (66) 843 816 664





Add caption

Add caption
                         Padoh Mahn Nyein Maung, mobile: - (66) 907 459 731
 
ဧရာဝတီ

0 comments:

Post a Comment