Pages

Wednesday, November 21, 2012

တောင်ရိုး နဲ့ ရှမ်းတို့ ပူးပေါင်းတဲ့ တောင်ကြီးမြို့ ပအိုဝ်း ကထိန်ပွဲ

 
တောင်ကြီးမြို့ပအိုဝ်းတိုင်းရင်းသားတို့၏စုပေါင်းမဟာဘုံကထိန်ပွဲကိုအင်္ဂါနေ့နံနက်ပိုင်းတွင်စည်စည်ကား
ကားကျင်းပခဲ့သည်ကို တွေ့ရသည်။ 
ဗိုလ်ချုပ်အောင်ဆန်းလမ်းတလျှောက်အိုးစည်ဗုံမောင်း နှင့်ရိုးရာသံချပ်များတီးမှုတ်သီဆိုလှည့်လည်သွားကြ
သောပအိုဝ်းတိုင်းရင်းသားအရေအတွက်မှာ နှစ်ထောင်ခန့် ရှိသည်။ယခုနှစ်၏ထူးခြားချက်မှာတောင်ရိုးတိုင်း
ရင်းသား၊ ရှမ်းတိုင်းရင်းသားတို့ကပဒေသာပင်တခုစီ ပါဝင် လှူဒါန်းကြခြင်းပင် ဖြစ်သည်။
ဤသို့ပါဝင်ပူးပေါင်းမှုကြောင့်ဒသတွင်းနေတိုင်းရင်းသားအချင်းချင်းချစ်ကြည်ရင်းနှီးမှုကိုပိုမိုခံစားရကြောင်း
ပအိုဝ်းတိုင်းရင်းသား တဦးက ပြောသည်။ 

ပအိုဝ်းတိုင်းရင်းသားတို့၏ ဤသို့သော မြင်ကွင်းကို  နှစ်စဉ် တွေ့ရှိရမည်ဖြစ်ကြောင်း၊ ယခုနှစ်ကထိန်သည်  (၈၄) ကြိမ်မြောက် ဖြစ်ကြောင်း ဒေသခံတဦးဖြစ်သူ ခွန်ခေတ်စံက ပြောသည်။
ယနေ့မနက် လှည့်လည်ရာတွင်ဒေသာပင် ၁၄ ခုခန့်ပါဝင်ပြီးစုစုပေါင်းအလှူငွေကျပ်သိန်း၁၈၀ခန့်ဖြစ်သည်
ဟု သိရသည်။
ဧရာဝတီသတင်း

0 comments:

Post a Comment