Pages

Wednesday, November 21, 2012

ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသည့် မြန်မာအလုပ်သမား သောင်းဂဏန်းရှိ

ထိုင်းနိုင်ငံတွင်အကျဉ်းကျခံနေရသောမန်မာအလုပ်သမားဦးရေသာင်းဂဏန်းမျှရှိပြီးထိုင်းနိုင်ငံသည်အခြား
နိုင်ငံများထက်အကျဉ်းကျခံရသူမန်မာလုပ်သားအရေအတွက်ပိုများကြောင်းအလုပ်သမား၊အလုပ်အကိုင်နှင်
လူမှုဖူလှုံရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးမြင့်သိန်းကပြောသည်။
ပြည်ပတွင် အကျဉ်းချခံရသူများအနေဖြင့် ၎င်းတို့ ကိုယ်တိုင် အပြစ်ကျူးလွန်မှုရှိ၍ ကျခံရသကဲ့သို့ အချို့မှာ အကြောင်းပြချက်မရှိဘဲ ကျခံနေရခြင်းရှိသည်ဟု ဒုဝန်ကြီးက ပြောဆိုခဲ့သည်။ အကျဉ်းကျရသည့် ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ အစိုးရဌာန အနေဖြင့်လည်း သေချာတိကျစွာမသိရှိသေးကြောင်း သတင်းရရှိသည်။

“ထိုင်းမှာ အကျဉ်းကျခံနေရတဲ့ သူတွေနဲ့ပတ်သက်ပြီး တို့လည်းတောက်လျှောက်လုပ်တော့ လုပ်နေတာပဲ။ ဟိုမှာအပြစ်ရှိလို့ ကျရင်လည်း ကြီးတဲ့မှုသေးအောင်၊ ငယ်တဲ့အမှုပပျောက်အောင် လုပ်နေတာပဲ” ဟု ဒုဝန်ကြီးဦးမြင့်သိန်း ကပြောသည်။

ကျောက်တံတားမြို့နယ်အခြေစိုက်ပြည်ပအေဂျင်စီတစ်ခုမှမန်နေဂျာတစ်ဦးက“မိမိတို့အနေနဲ့ လွတ်အောင်
လုပ်နေပေမယ့်လည်း ထင်ထင်ရှားရှားဖြစ်အောင်တော့ မလုပ်နိုင်သေးဘူး။ အခုကျတော့ အေဂျင်စီတွေကို တစ်ခုနဲ့တစ်ခုချိတ်ပြီးအချင်းချင်းလုပ်ခိုင်းနေတယ်။သူတို့လည်း ပါဝင်ဆောင်ရွက်ပေးမယ်လို့တော့ ပြောပါ
တယ်” ဟုဆိုသည်။

အကျဉ်းကျခံရသူအချို့မှာသက်ဆိုင်ရာအစိုးရဘက်သို့အကြောင်းကြားပြောဆိုခြင်းမရှိသည့်အတွက် အစိုးရ
အနေဖြင့်လိုက်လံကူညီဆောင်ရွက်ပေးရန်အခက်အခဲရှိနေကြောင်း အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနမှ
 ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်ကပြောသည်။

“သူတို့ဘာကြောင့်အကျဉ်းကျတယ်၊ဘယ်လိုကြောင့်ကျတယ်ဆိုတာ ဘာမှလာမပြောကြတော့ လုပ်ပေးဖို့က ခက်ခဲတယ်။ ဒီလူတွေအတွက်တော့ လုပ်ပေးနိုင်သလောက်တော့ လုပ်ပေးနေတယ်”” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
 ပြည်ပတွင်အကျဉ်းကျခံနေသော အလုပ်သမားအများစုမှာ နေထိုင်ခွင့်သက်တမ်းကျော်လွန် နေထိုင်ခြင်း
အပါအ၀င်မိမိအလုပ်ရှင်တို့နှင့်ပြေလည်မှုမရှိခြင်းတို့ကြောင့်ဖစ်နိုင်ကြောင်း အေဂျင်စီအချို့က သုံးသပ်သည်။
 
 
7daynewsjournal

0 comments:

Post a Comment