Pages

Wednesday, November 21, 2012

အလွဲသုံးစားလုပ်ထားတဲ့ ငွေတွေကို ပြန်ဆပ်ဖို့ အစိုးရ အမိန့်ထုတ်

မြန်မာအစိုးရက ဝန်ကြီးဌာနတွေ အလွဲသုံးစားလုပ်ထားတဲ့ ငွေတွေကို ပြန်ဆပ်ဖို့ အမိန့်ထုတ်လိုက်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ဝန်ကြီးဌာန ၁၅ ခု က အမေရိကန်ဒေါ်လာ ၆၅ သန်းပမာဏ လွဲသုံးစားလုပ်ထားခဲ့ကြောင်းလွှတ်တော်မှာစာရင်းစစ်ချုပ်ကအစီရင်ခံခဲ့ပြီးတဲ့နောက် အဲဒီအမိန့်ထွက်လာ
တာဖြစ်ပါတယ်။ဒါဟာကမ္ဘာပေါ်မှာအကျင့်ပျက်ချစားမှုအများဆုံးတိုင်းပြည်ထဲကတနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံရဲ
ထူးခြားရှားပါးတဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ဒီကနေ့ထုတ် AFP သတင်းမှာဖော်ပြပါတယ်။
စိုးရဟာ စီးပွားရေးလုပ်ငန်းရှင်တွေဆီက ရရှိဖို့ငွေထဲက ဒေါ်လာ သန်း ၂၀ကိုပြန်ရပြီးဖြစ်ပေမယ့် ဒေါ်လာ ၄၅ သန်း ဆက်လက်ရရှိဖို့ ကျန်နေပါသေးတယ်လို့ ပြီးခဲ့တဲ့အပါတ်က လွှတ်တော်မှာတင်သွင်းတဲ့ စာတမ်းတခုမှာ စာရင်းစစ်ချုပ်ကတင်ပြခဲ့ပါတယ်။


စီးပွားရေးလုပ်ငန်းရှင်တွေဟာ ၂၀၁၃ ခုနှစ် မတ်လအထိ ပေးရန်ကျန်ငွေတွေကို ပေးဆပ်နိုင်ပြီး အဲဒီကာလအထိအထိ မပေးဆပ်နိုင်ရင်တော့ ဒါဏ်ကြေးပေးဆောင်ရမယ့်အပြင် တရားဥပဒေအရ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ အဲဒီစာတမ်းမှာဖော်ပြပါရှိပါတယ်။


ဒါ့အပြင်ဝန်ကြီးဌာနတချို့ကအစိုးရဝန်ထမ်းတွေအနေနဲ့ဒ်ါလာ၁သိန်းခွဲ အလွဲသုံးစားလုပ်ထားကြောင်းတွေ
့ရှိပြီးအဲဒီငွေတွေကိုလည်းသက်ဆိုင်ရာဝန်ကြီးဌာန၀န်ထမ်းတွေကအစိုးရထံ အမြန်ဆုံးပြန်လည်ပေးဆောင်
ရမှာဖြစ်ပါတယ်။


ကျွမ်းကျင်သူတွေရဲ့အဆိုအရမန်မာနိုင်ငံကိုနှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ နိုင်
ငံပိုင်ငွေပမာဏမြောက်များစွာကသိမ်းပိုက်ခဲ့ပြီးသူတို့နဲ့အလွမ်းသင့်တဲ့စီးပွားရေးသမားတွေကို စီးပွားရေး
လုပ်ပိုင်ခွင့်တွေ ပေးအပ်ခဲ့ပါတယ်။


သမ္မတဦးသိန်းစိန်အစိုးရအာဏာရခဲ့တဲ့ရွးကောက်ပွဲမတိုင်ခင်အထိ စစ်အစိုးရအဆက်ဆက်ဟာ နိုင်ငံပိုင်
လုပ်ငန်းတွေကို နှီးစပ်ရာစီးပွားရေးသမားတွေကို လုပ်ပိုင်ခွင့်ပေးခဲ့တယ်လို့ ဝေဖန်သူတွေကဆိုပါတယ်။


နိုင်ငံတကာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့က မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာတတိယ အကျင့်ပျက်ချစားမှု အများဆုံးနိုင်ငံအဖြစ်သတ်မှတ်ခဲ့ပြီး မြန်မာအစိုးရအရာရှိတွေမှာ အမြစ်တွယ်နေတဲ့ အဲဒီချစားမှုတွေကို စစ်အစိုးရက ကာကွယ်ပေးခဲ့တယ်လို့ဆိုပါတယ်။


အမေရိကန်သမ္မတအိုဘားမားကသူ့ရဲ့သမိုင်းဝင်မန်မာနိုင်ငံခရီးစဉ်အတွင်းမှာမန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြု
ပင်ပြောင်းလဲရေးဆာင်ရွက်ချက်တွေကိုချီးကျူးပြောဆိုလိုက်ပေမယ့် လာဘ်ပေးလာဘ်ယူမှုကတော့ ပြည်
သူလူထုကိုဆင်းရဲတွင်းထဲကမတက်နိုင်စေမယ့်အန္တရာယ်ကိုဖစ်စေလိမ့်မယ်လို့ သတိပေးပြောကြားခဲ့ပါ
တယ်။


အကျင့်ပျက်ချစားမှုတွေကိုတိုက်ထုတ်နိုင်မှနိုင်ငံစီးပွားရေးမြင့်မားမှာပါ။စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေ
ရရှိစေရေးရင်းနှီးမြုပ်နှံဖို့အတွက်ငွရေးကြေးရေးအရ ထင်သာမြင်သာရှိတဲ့ ပြုပြင်ပြောင်းလဲမှုကိုလည်း
ဆာင်ရွက်ရမှာဖြစ်တယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။ မြန်မာနိုင်ငံက ဈေးကွက်အသစ်တွေမှာ အမေရိကန်စီးပွားရေးလုပ်ငန်းတွေဝင်ရောက်ရင်းနှီးမြုပ်နှံကြခြင်းအားဖြင့် အဆင့်အတန်းမြင့်တဲ့ ငွေကြေး
ဆိုင်ရာထင်သာမြင်သာရှိမှုကို တည်ဆောက်နိုင်လိမ့်မယ်လို့လည်း သူကဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
 
 
  RFA (Burmese)

0 comments:

Post a Comment