Pages

Wednesday, November 21, 2012

မြစ်သာယူနီတီ ရေနံတူးဖေါ်ရေး အလုပ်သမားသမဂ္ဂ ဖွဲ့စည်း

မြစ်သာယူနတီလို့ အမည်ပေးထားတဲ့ ရေနံ အလုပ်သမားသမဂ္ဂကို ကလေးမြို့တောင်ပိုင်းဒေသမှာ တည်ရှိတဲ့ သဒွတ်ချောက်ရေနံမှော်ထဲမှာ နိုဝင်ဘာလ ၁၅ ရက်နေ့က ကော်မီတီအဖွဲ့ဝင် ၃၀ နဲ့ယာယီဖွဲ့စည်းလိုက်ကြပြီး
၊ နိုဝင်ဘာလ ၂၁ ရက်နေ့ မနက်ဖြန်မှာ အလုပ်သမားဝန်ကြီး ဌာနမှာ မှတ်ပုံတင်တော့မယ်လို့ သိရပါတယ်။

ကလေးမြို့နယ် ရေနံမှော်ထဲမှာ တပိုင်တနိုင်နဲ့ ရေနံတူးဖော်နေကြတဲ့ ရေနံလုပ်သားတွေဟာ ကုမ္ပဏီတွေရဲ့
ခေါင်းပုံဖြတ်မှုတွေ၊ ခံနေရတာကြောင့် ဒီကိစ္စတွေကို ဖြေရှင်းညှိနှိုင်းပေး ဖို့အတွက် ခုလို မြစ်သာယူနတီရေနံ
အလုပ်သမားသမဂကို ဖွဲ့စည်းလိုက်ကြတာဖြစ်တယ်လို့ သမဂ္ဂ ခေါင်းဆောင် တဦးဖြစ်တဲ့ကိုစိုးနိုင်ကRFA ကို
ပြောပါတယ်။

ကလေးမြို့နယ်မှာ ဒေသခံ အတော်များများဟာတနိုင်တပိုင် ရေနံတူးဖေါ်ရောင်းချတဲ့လုပ်ငန်းနဲ့ အသက်မွေး
ဝမ်းကြောင်းနေကြရတာပါ။

ကလေးမြို့နယ်က ရေနံအလုပ်သမားတွေဟာသူတို့တူးဖော်ရရှိတဲ့ ရေနံတွေကို ပြင်ပပေါက်ဈေး ရေနံဂါလံ၅၀
ဆံ့ ပေပါ တလုံးကို ကျပ် တစ်သိန်းသုံးသောင်းပေါက်ဈေးရှိနေချိန်မှာ ချယ်ရီရိုးမ၊ မိုးအဲန်မိုး၊ ဖြူးချား၊ ဓနသ
ဟာရ ကုမ္ပဏီတွေထံ ကျပ် ၇ သောင်း လောက်နဲ့ ပေးသွင်းနေကြရတယ်လို့ သိရပါတယ်။


RFA (Burmese)

0 comments:

Post a Comment