ဗီဒီယိုဇာတ်ကား ရိုက်ကွင်းတစ်နေရာ |
“ဈေးကွက်အတွင်းမှာ ဗီဒီယိုဇာတ်ကားတွေ အလွန်များပြားစွာ ဖြန့်ချိနေပါတယ်။ တစ်ပတ်ကိုအ နည်းဆုံး ဆယ်ကားအထက် ထွက်ရှိနေတာကို တွေ့ရမှာပါ။ဒီလို ဇာတ်ကားအများအပြား ထွက်ရှိနေခြင်းကို အကန့်အသတ်တစ်ခုဖြစ်အောင် လုပ်နိုင်ဖို့ စီစဉ်သွားပါမယ်။
ဒီလို စီစဉ်ခြင်းအားဖြင့် ဇာတ်ကားရဲ့ကွာလတီ ပိုင်းကို တစ်ဖက်တစ်လမ်းက ထိန်းရာရောက်သလို ဈေးကွက်ကျဆင်းမှုအတွက်လည်း အဖြေတစ်ခုဖြစ်လာနိုင် ပါတယ်” ဟု ရုပ်ရှင်အစည်းအရုံးမှ အတွင်းရေးမှူး ဦးဝင်းကြည်က ရှင်းပြခဲ့ပါသည်။
၂၀၁၀ ပြည့်နှစ်မှ ၂၀၁၂ ခုနှစ် ဆယ်လပိုင်းအထိ ဈေးကွက်အတွင်း ရက်ချိတ်ဖြန့်ချိခဲ့သည့် ဇာတ်ကား အရေအတွက်မှာ ၂၀၁၀ ပြည့်နှစ်တွင် ဇာတ်ကား ၈၇၃ ကား၊ ၂၀၁၁ ခုနှစ်တွင် ဇာတ်ကား ၉၆၉ ကား၊ ၂၀၁၂ ခုနှစ် ဆယ်လပိုင်းအထိ ဇာတ်ကား ၈၅၇ ကား ဖြန့်ချိခဲ့သည်ဟု သိရသည်။
Eleven Media
0 comments:
Post a Comment