Pages

Thursday, November 15, 2012

သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းခြင်း

သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုအစိုးရအဖွဲ့

အမိန့်ကြော်ငြာစာ
အမှတ်၊ ၈၁ /၂၀၁၂

၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ ရက်

(၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်)

သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းခြင်း

၁။နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊စစ်ရေး၊သဘာဝဘေးအန္တရာယ်အရေးဆိုင်ရာကိစ္စရပ်များနှင့်
စပ်လျဉ်း၍ အခါအားလျော်စွာ သတင်းများထုတ်ပြန်ခြင်း၊သတင်းစာရှင်းလင်းပွဲများပြုလုပ်ခြင်း၊သတင်းထုတ်
ပြန်ချက် ထုတ်ပြန်ပေးခြင်းများ တာဝန်ယူဆောင်ရွက် နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ (က) အရ" သတင်းထုတ်ပြန်ရေး အဖွဲ့"ကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်သည်-။


(က)ဦးအောင်သိမ်း
ဒုတိယဝန်ကြီး
သမ္မတရုံးဝန်ကြီးဌာန
အဖွဲ့ခေါင်းဆောင်

(ခ)ဦးရဲမင်း
ဒုတိယညွှန်ကြားရေးမှူးချုပ်
သမ္မတဦးစီးရုံး
အဖွဲ့ဝင်

(ဂ) ဦးရဲနိုင်
အထွေထွေမန်နေဂျာ
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
ပြန်ကြားရေးဝန်ကြီးဌာန
အဖွဲ့ဝင်

(ဃ) ဦးမိုးကျော်အောင်
ညွှန်ကြားရေးမှူး
နိုင်ငံတော်သမ္မတရုံး
အဖွဲ့ဝင်

(င) ဦးအောင်စိုးသိန်း
ညွှန်ကြားရေးမှူး
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး
အဖွဲ့ဝင်

(စ)ဦးဉာဏ်ထွန်း
ညွှန်ကြားရေးမှူး
နိုင်ငံတော်သမ္မတရုံး
အတွင်းရေးမှူး

၂။ သတင်းထုတ်ပြန်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က)နိုင်ငံတော် ၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး၊ သဘာဝ ဘေး အန္တရာယ်ဆိုင်ရာ သတင်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးရန်၊

(ခ)အခါအားလျော်စွာ လိုအပ်ချက်ရှိပါက သတင်းစာရှင်းလင်းပွဲများ တာဝန်ယူ ပြုလုပ်ပေးရန်၊

(ဂ)သတင်းထုတ်ပြန်ချက် (Press Statement) များ ထုတ်ပြန်ပေးရန်၊

(ဃ)ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများနှင့် စပ်လျဉ်း၍ တင်ကူးမီဒီယာ (Preactive Media) လုပ်ငန်းနှင့် တုံ့ပြန် မီဒီယာ (Reactive Media) လုပ်ငန်းများ ဆောင်ရွက်ရန်၊

(င)ပြည်တွင်းပြည်ပရှိ သတင်းဌာနများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ သတင်းဌာနများသို့ အချိန်နှင့်တစ်ပြေးညီ သတင်းဖြန့်ချိရန်၊

(စ)ဝန်ကြီးဌာနအသီးသီးမှ ဖွဲ့စည်းထားသော သတင်းထုတ်ပြန်ရေး အဖွဲ့များနှင့် ချိတ်ဆက်၍ အထောက်အကူ ပေးနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ရန်။

(ပုံ) ဇော်သန်းသင်း

အတွင်းရေးမှူး

ပြည်ထောင်စုအစိုးရအဖွဲ့

0 comments:

Post a Comment