Pages

Thursday, November 15, 2012

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအားဆွေးနွေးမည်

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအားအမျိုးသားလွှတ်တော်
ယနေ့ အစည်းအဝေးတွင် အဆိုအဖြစ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြညိမ်းက တင်သွင်းသွား
မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အဆိုအား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး က ထောက်ခံပြီး တပ်မတော်သား ကိုယ်စား
လှယ်(၂) ဦးက ဆွေးနွေးသွား မည် ဖြစ်ကြောင်းသိရသည်။ယင်းအဆိုနှင့်ပတ်သက်၍လည်းဥပဒေကြမ်းကာ်
မတီမှ အစီအရင်ခံစာ ဖတ်ကြားတင် သွင်းသွားမည် ဖြစ်သည်။

ယင်းအဆိုအားတင်သွင်းခဲ့သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြညိမ်းက နိုင်ငံတော် ဖွဲ့စည်းပုံအ
ခြေခံဥပဒေဆိုင်ရာ ခုံရုံဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြုပေးနိုင်ရန် လွှတ်တော်သို့တင်
ပြခဲ့သည်။

အဆိုပါ အဆိုအား ယနေ့၌ပင် ပြည်သူ့လွှတ်တော်၌ အမျိုးသားလွှတ်တော်မှ အတည်ပြုပေးပို့လိုက်သည့် နိုင်
ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လက်ခံဆွေးနွေးသွား မည် ဖြစ်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်တွင် ဆက်လက်အတည်ပြု
ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သိရသည်။
 
 
မောင်ပိုင် (နေပြည်တော်)

0 comments:

Post a Comment