Pages

Thursday, November 15, 2012

ကျောက်တော် တောင်ဘွေ ကျေးရွာ အုပ်ချုပ်ရေးမှူး ကြိုးဆွဲချ သေဆုံး

အဆုံးစီရင်သွားသူကျးရွာအုပ်ချုပ်ရေးမှူးမှာဦးမောင်အေးတင်(၄၅)နှစ်ဖြစ်ပြီးရွာဦးရှိသရက်ပင်တွင် အောက်
တိုဘာလ၁၄ရက်နေ့နံနက်ကကြိုးဆွဲချသဆုံးသွားခြင်းဖစ်သည်။ဟုတ်ပါတယ်။မနက်က သူ့အလောင်း
ကို ကျောက်တော် ဆေးရုံကို ယူလာပါတယ်။ ကျွန်တော် သွားကြည့်ပါတယ်။ သူ့ရဲ့ ဇနီးဖြစ်သူနဲ့ တွေ့မလို့ပါဘဲ။ ဒါပေမယ့် သူမကဘုရားသွားတယ်ဆို
တဲ့ အတွက် တွေ့ခွင့်မရခဲ့ဘူး။ ဘာကြောင့် ခုလို သတ်သေသွားတယ်ဆိုတာကို မေးမလို့ပါဘဲ။ ဒါပေမယ့်
 မေးခွင့် မရခဲ့ပါဘူး” ဟု ကျောက်တော်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစောငြိမ်းက ပြော
သည်။


“ သူ့ရဲ့ ညီဖြစ်တဲ့သူကတော့ ပယောဂ မပါဘဲ ကိုယ်ဟာကိုယ် သတ်သေသွားတယ်လို့တော့ ကျွန်တော်ကို
 ပြောသွားပါတယ်” ဟု ဦးစောငြိမ်းက ဆက်ပြောသည်။

သို့သော်လည်း ဒေသခံ ကျေးရွာသားများက စိတ်ဖိစီးမူဒဏ်ကြောင့် နောက်ဆုံး ယခုကဲ့သို့ အဆုံး စီရင်
သွားခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
သူ့အလောင်းအား ဆေးရုံမှ စစ်ဆေးပြီးနောက် နေ့လည်ပိုင်းတွင် ရွာသို့ သဂြိင်္ုလ်ရန် ပြန်လည် သယ်ယူသွားခဲ့သည်ဟု သိရသည်။

ဦးမောင်အေးတင်တွင် ဇနီး ဒေါ်မဲမကြီးနှင့် ၂ နှစ်အရွယ်သား တစ်ယောက်နှင့် သမီး (၄) ယောက် ကျန်ရစ်ခဲ့ပြီး သမီးအကြီးဆုံးမှာ အသက် ၁၃ နှစ်ခန့်သာ ရှိသေးကြောင်းသိရသည်။
 
 

0 comments:

Post a Comment