Pages

Thursday, November 15, 2012

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Service Phone ဟုခေါင်းစဉ်တပ်ကာ တယ်လီဖုန်းဘေလ်များပေးသွင်းခြင်းမပြုသော ကျပ်ငွေဘီလီယံနှင့်ချီသော အလွဲသုံးစားမှု

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည်လုပ်ငန်းသုံးဟုအမည်တပ်ကာServicePhone များအားမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှတာဝန်ရှိသူ များနှင့် ၄င်းတို့နှင့် နီးစပ်သူများထံသို့ ထုတ်ပေးထားထားရှိခဲံ့ပါသည်၊ ထိုသို့ Service Phone အဖြစ်ထုတ်ယူသုံးစွဲရာတွင် CE အဆင့် များတွင်    ၁၀လုံးခန့် ထုတ်ယူထားရှိပြီး ကျသင့် တယ်လီဖုန်း ဘေလ်များအားပေးသွင်းခြင်းမရှိဘဲ ကိုယ်ကျိုးအတွက်
အသုံးပြုခဲ့ကြောင်းကို နေပြည်တော်ဝန်ကြီးရုံး ရှိ ဆက်သွယ်ရေးဝန်ထမ်းမှတဆင့်သိရှိရပါသည်-
စုစုပေါင်းယင်းကဲ့သို့ကိုယ်ကျိုးအဖြစ်သုံးစွဲခဲ့သည်AutoPhoneMobilePhone အရေအတွက်သည်အလုံးအရေ
အတွက် သောင်းဂဏန်းမျရှိပြီး ၄င်းကိစ္စရပ်နှင့် ပတ်သက်ပြီး ၂၀၁၂ နှစ်ဆန်းပိုင်းတွင် ဆသရ
ဝန်ကြီးမှ သက်ဆိုင်ရာဦးဆောင်ညွန်ကြားရေးမှူး၊ အတွေထွေမန်နေဂျာများ၊ အင်ဂျင်နီယာချုပ်များ ငွေစာရင်း
ဌာနမှ တာဝန်ရှိသူ ခေါ်ယူအစည်းအဝေးပြုလုပ်ခဲ့ရာ အလွဲသုံးစားပြုလုပ်ခဲ့သည် တယ်လီဖုန်းဘေယ်တန်ဖိုး
မှာ ငွေကျပ် ၇ ဘီလီယံခန့်ရှိမည်ဟု သိရှိရပါသည်။ 
 
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မည်သည့် အရေးယူဆောင် ရွတ်မှုများမရှိဘဲ ကိုယ်ကျိုးအတွက်အသုံးပြုထား
သာ ဖုန်းများအား ပြန်လည်အပ်နှံခြင်းသာဆောင်ရွတ်ခဲ့သည်ကိုတွေ့ရှိရပါသည်၊
 
 နှိင်ငံတော်အနေဖြင့် ဆင်းရဲနွမ်းပါးသောဒေသများတွင် ကျပ်သိန်း ၁၀၀ ခန့်ကျောင်းကိုပင် တည်ဆောက်
ရန်အခက်အခဲဖြစ်နေသည့်အချိန်တွင် မြန်မာ့ဆက်သွယ်ရေး၏ ယခုကဲ့သို့ဆောင်ရွတ်ခဲ့ခြင်းသည် အများ
ပည်သူ့ဘဏ္ဍာငွေကို အလွဲသုံးစားပြုလုပ်ခြင်းပင်ဖြစ်သည် ၊ထိုကဲ့သို့အလွဲသုံးစားပြုလုပ်ခဲ့သည်ကိုဝန်ကြီး 
ပင်သိရှိသော်လည်း မည်သည့် အရေး.ယူဆောင်ရွတ်မှု တစုံတရာမပြုလုပ်ခဲ့ခြင်းမှာ အလွန်ပင်အံ့သြ
ဖွယ်ကောင်းပါကြောင်းရေးသားအပ်ပါသည်/

Photo From :May Myat Noo

0 comments:

Post a Comment