Pages

Thursday, November 15, 2012

ထန်းတပင် မြို့နယ်၌ အမျိုးသမီး တစ်ဦး နွားတင်းကုပ် ထုပ်တန်းပေါ်မှ ကြိုးဆွဲချ သေဆုံး


ပဲခူးတိုင်း ဒေသကြီး ထန်းတပင် မြို့နယ် ဇရပ်ကြီး ကျေးရွာ အုပ်စု ရွာကြား ရပ်ကွက်နေ မအိဇာ (ခ) တင်ဇာလှိုင် ၂၅ နှစ် (ဘ) ဦးမြင့်အောင် (မှီခို) သည် နိုဝင်ဘာ ၄ ရက် နံနက် ၇ နာရီခန့်က နေအိမ် နောက် ဘက်ရှိ နွားတင်းကုပ် ထုပ်တန်းတွင် ကြိုးဆွဲချ သေဆုံး နေသည်ကိုတွေ့ရှိခဲ့ရသည်။
ဖခင် ဖြစ်သူမှ တွေ့ရှိ၍ ဇရပ်ကြီး ရဲတပ်ဖွဲ့ စခန်းသို့ အကြောင်းကြား ခဲ့သဖြင့်စခန်းမှူးရဲအုပ်ဝင်းတင့်နှင့်အဖွဲ့
သည်အသိသက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့ရာ ကြိုးဆွဲ ချ သေဆုံး နေကြောင်း တွေ့ရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဇရပ်ကြီး ရဲတပ်ဖွဲ့ စခန်းမှ ဓမ္မတာ အတိုင်း သေဆုံး ခြင်းဟုတ်၊ မဟုတ်ကို သေမှု သေခင်း အမှတ်စဉ် ၆/ ၂ဝ၁၂ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။
 
မြ၀တီ

0 comments:

Post a Comment