Pages

Saturday, October 20, 2012

ယနေ့ ညနေပိုင်းတွင် Miss International ပြိုင်ပွဲဝင် မြန်မာကိုယ်စားပြုအလှမယ် နန်းခင်ဇေယျာ People's Choice Award အားလက်ခံရရှိ

Photo: Miss International ပြိုင်ပွဲဝင် မြန်မာကိုယ်စားပြုအလှမယ် နန်းခင်ဇေယျာ
People's Choice Award အားလက်ခံရရှိ

Miss International ပြိုင်ပွဲဝင် မြန်မာကိုယ်စားပြုအလှမယ် နန်းခင်ဇေယျာသည် Internet မှတဆင့် မဲပေးရွေးချယ်ရသည့်
People's Choice Award ကို ဆန္ဒမဲပေးသူ ၂၁၀၀၀ ကျော်ဖြင့် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါဆုအတွက် အောက်တိုဘာ ၂၀ ရက်နေ့ ညနေပိုင်းတွင် မြန်မာကိုယ်စားပြုအလှမယ် နန်းခင်ဇေယျာအား People's Choice
Award အားပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

"မြန်မာကိုယ်စားပြုအလှမယ်ရတဲ့ People's Choice Award ကို ဒီညနေမှာ Miss International ပြိုင်ပွဲဝင်တွေပဲပါတဲ့ ညစာစားပွဲမှာ ပေးအပ်ခဲ့တယ်လို့ Internet ကတဆင့် သိရပါတယ်၊ နန်းခင်ဇေယျာကိုယ်တိုင်ကတော့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကို
တရားဝင် ဆက်သွယ်အသိပေးပြောကြားလာတာမျိုးမရှိသေးပါဘူး။
ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကိုယ်စားပြုဆုရတဲ့အတွက် ၀မ်းသာမိပါတယ်" ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဖြိုးဝေရာဇာက အောက်တိုဘာလ ၂၀ရက်နေ့ ည၈နာရီ ခန့်က ပြောကြားခဲ့ပါသည်။

Photo from - http://missosology.org

Miss International ပြိုင်ပွဲဝင် မြန်မာကိုယ်စားပြုအလှမယ်နန်းခင်ဇေယျာသည်Internet မှတဆင့်မဲပေးရွေး
ချယ်ရသည့် People's Choice Award ကို ဆန္ဒမဲပေးသူ ၂၁၀၀၀ ကျော်ဖြင့် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ အဆို
ပါဆုအတွက် အောက်တိုဘာ ၂၀ ရက်နေ့ ညနေပိုင်းတွင် မြန်မာကိုယ်စားပြုအလှမယ် နန်းခင်ဇေယျာအား People's Choice Award အားပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
မြန်မာကိုယ်စားပြုအလှမယ်ရတဲ့ People's Choice Award ကို ဒီညနေမှာ Miss International ပြိုင်ပွဲဝင်တွေပဲ
ပါတဲ့ ညစာစားပွဲမှာ ပေးအပ်ခဲ့တယ်လို့ Internet ကတဆင့် သိရပါတယ်၊ နန်းခင်ဇေယျာကိုယ်တိုင်ကတော့
 မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကိုတရားဝင်ဆက်သွယ်အသိပေးပြောကြားလာတာမျိုးမရှိသေးပါဘူး။

ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကိုယ်စားပြုဆုရတဲ့အတွက် ၀မ်းသာမိပါတယ်" ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း
အဖွဲ့ချုပ် အတွင်းရေးမှူး ဦးဖြိုးဝေရာဇာက အောက်တိုဘာလ ၂၀ရက်နေ့ ည၈နာရီ ခန့်က ပြောကြားခဲ့ပါ
သည်။

Photo from - http://missosology.org/

0 comments:

Post a Comment