Pages

Saturday, October 20, 2012

သင်္ဘောနစ်မြုပ်မှုကို ကယ်ဆယ်သည့် ရေယာဉ်တိမ်းမှောက်၍ လူ ၅ ဦးသေဆုံး



တောင်ကိုရီးယားတွင် ကုန်တင် သင်္ဘောတစ်စင်း နစ်မြုပ်မှုကို ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်ရင်းရေ
ယာဉ်တိမ်းမှောက်သဖြင့် လူ(၅)ဦး သေဆုံးသွားကြောင်း သိရသည်။ ကြာသပတေးနေ့က ဖြစ်စဉ်အတွင်း 
တောင်ကိုရီးယား ကမ်းခြေစောင့် တပ်ဖွဲ့မှ လှေတစ်စင်းသည် ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေစဉ် တိမ်းမှောက်သွားခဲ့သည်။
ကုန်တင် သင်္ဘောပေါ်မှ ကယ်တင်ကူးပြောင်း ပေးနေစဉ် လှေနစ်မြုပ်သဖြင့် ဖိလစ်ပိုင်သား (၃)ဦးနှင့် တ
ရုတ်နိုင်ငံသား သင်္ဘောသား (၂)ဦးတို့ သေဆုံးသွားကြောင်း သိရှိရသည်။ (၅၄၃၆)တန် အလေးချိန်ရှိပြီး မလေးရှားတွင် မှတ်ပုံတင်ထားသော သင်္ဘောသည် အမှုထမ်း (၁၉)ဦးကို တင်ဆောင်လာခဲ့သည်။ထို့နောက်
 ဂျီဂျူကျွန်းအနီးတွင် နစ်မြုပ်မှုကြောင့် ရေဒီယိုဖြင့် ဆက်သွယ် အကြောင်းကြားခဲ့ရသည်။


တောင်ကိုရီးယား ကမ်းခြေစောင့် တပ်ဖွဲ့သည် လှေနှစ်စင်းကို အခင်းဖြစ်ရာသို့ စေလွှတ်ကာ သင်္ဘောသား
များကို ကယ်တင်ခဲ့သည်။ သို့သော်လည်း လှေတစ်စင်းမှာ တိမ်းမှောက်သွားသည့်နောက် အခြေအနေ ရှုပ်
ထွေးသွားခြင်း ဖြစ်သည်။ အနီးတွင် လိုက်ပါလာသော ကမ်းခြေစောင့် ရေယာဉ်က ရေထဲကျသွားသူ ကမ်းခြေစောင့် တပ်ဖွဲ့ဝင်များ၊ ကုန်တင်သင်္ဘောတွင် ပါလာသူများကို ကယ်ဆင်နိုင်ခဲ့သော်လည်း လူ(၅)ဦး ဖိတ်စင်ခဲ့ခြင်း ဖြစ်သည်။


တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိက "ကမ်းခြေစောင့် လှေနှစ်စင်းက ကယ်
ဆယ်ရေး လုပ်ငန်းမှာ ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ လှိုင်းအရမ်းထန်လို့ တစ်စင်း မှောက်သွားတာပါ"ဟု ပြောကြား
ခဲ့သည်။ 

Yonhapသတင်း အေဂျင်စီက မျက်မြင် သင်္ဘောသားများ၏ အဆိုကိုကိုးကားပြီးထိုအချိန်ကရာသီဥတု အလွန်
ဆိုးရွားနေကြောင်း ဖော်ပြခဲ့သည်။ ကမ်းခြေစောင့်တပ်ဖွဲ့ အကြီးအကဲ ချိုဂျွန်အိုက "အခြေအနေ တော်တော်
ဆိုးပါတယ်။ 

ကျွန်တော်တို့ ရောက်သွားချိန်မှာ ကုန်တင်သင်္ဘောက ရေအောက် ရောက်နေပြီ။ ဒီတော့ လုပ်စရာ တစ်ခုပဲ ရှိတော့တယ်။ သင်္ဘောသားတွေကို ကယ်နိုင်သမျှ ကယ်ဖို့ပဲ ကျွန်တော်တို့ လုပ်ရပါတော့တယ်"ဟု ရှင်းပြ
သွားခဲ့သည်။

Global Nation

0 comments:

Post a Comment