Pages

Saturday, October 20, 2012

မြိတ်မြို့တွင်ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ကာ ကားများ၊နေအိမ်များ၏မှန်များကို ဖျက်ဆီးခဲ့သူများအား စုံစမ်းစစ်ဆေးလျက်ရှိ

thn-10-12-2


မြိတ်မြို့တွင် ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ကာ ရပ်နားထားသောကားများနှင့် နေအိမ်များ၏မှန်တံခါးများကို ဖျက်ဆီးခဲ့သူများကို ဖမ်းဆီးရမိရန်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။အောက်တိုဘာလ ၁၀ ရက်နေ့
ညပိုင်းတွင် ဖြစ်ပွားခဲ့သော အဆိုပါဖြစ်ရပ်ကြောင့် မြို့ပေါ်ရှိရပ်ကွက်အတော်များများတွင် ရပ်နားထားသော
ကားများ၏ မှန်တံခါးများမှာ ဖျက်ဆီးခံခဲ့ရကြောင်းသိရသည်။

ကန်ကြီးကွက်သစ်၊ဆိပ်ငယ်ရပ်ကွက်၊ထားဝယ်စုရပ်ကွက်၊မြစ်ငယ်ရပ်ကွက်၊ ကန်ဖျားရပ်ကွက်၊မြိတ်တောင်
နယ်မြေ၊အလယ်ကျွန်းရပ်ကွက်များရှိ ရပ်နားထားသောကားများမှာ ဖျက်ဆီးခံခဲ့ရပြီး ဆိပ်ငယ်ရပ်ရှိနေအိမ်
နှင့် လေဆိပ်အနီးရှိ ရုံးတစ်ခုမှာလည်းခဲနှင့်ပစ်ပေါက်မှုကြောင့် မှန်များပျက်စီးခဲ့ကြောင်း သိရသည်။ တစ်ည
အတွင်းဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ကာရပ်ကွက်အလိုက် နေရာအနှံ့ပြုလုပ်သွားကြောင်း ဒေသခံ
များကပြောကြားခဲ့သည်။

'' ကျွန်တော့်ကားဆိုရင် ဆိပ်ငယ်ရပ်၊ဈေးကြီးရှေ့မှာ နားထားတာပါ။မြို့လယ်ကောင်ကြီးမှာဖြစ်တဲ့အ ပြင် အစောင့်တွေလည်းရှိတဲ့နေရာမှာဖြစ်သွားတာပါ ဆိုင်ကယ်သုံးစင်းလောက်နှင့်လာပြီး ကားမှန်ကိုဖျက်ဆီး
သွားခဲ့တာလို့သိရတယ်။အောက်တိုဘာလ ၁၁ရက်နေ့ နံနက် ၃ နာရီလောက်မှာ ဖျက်ဆီးခံလိုက်ရပြီး အနီး
နားမှာရှိတဲ့အစောင့်တွေထကြည့် တော့ ဆိုင်ကယ်တွေမောင်းထွက်ပြေးသွားတယ်လို့ သိရတယ်။အဲဒီလိုပဲ ကျွန်တော်တို့တစ်လမ်းထဲမှာရှိတဲ့ ကားတွေကိုလည်း တွေ့သမျှဖျက်ဆီးသွားတယ်''လို့ ဖျက်ဆီးခံခဲ့ရသော ကားပိုင်ရှင်တစ်ဦးက ပြောကြားခဲ့သည်။

မြိတ်မြို့တွင် အုပ်စုဖွဲ့ဂိုဏ်းဂနဆန်ဆန် မိုက်ကြေးခွဲနေသည့်အဖွဲ့များပေါ်ပေါက်နေကြောင်းပြီးခဲ့သည့်အ
ပတ်ကလည်း ကန်ဖျားရပ်ကွက်တွင်အုပ်စုဖွဲ့ကာ မိသားစုတစ်စုအားဓားများဖြင့် ၀င်ရောက်ခုတ်သွားသည့်
ဖြစ်ရပ်အပြင် ညအချိန်လမ်း များတွင် အုပ်စုဖွဲ့ကာဆိုင်ကယ်များဖြင့်သွားလာနေပြီး လမ်းသွားလမ်းလာများ
ကိုမိုက်ကြေးခွဲကာ ရိုက်နှက်ခြင်း၊ ရန်ရှာခြင်းများပြုလုပ်နေကြောင်း ဒေသခံများက ပြောကြားခဲ့သည်။

ယခုဖြစ်ရပ်တွင် ရပ်ကွက်အသီးသီး၌ဖျက်ဆီးခံရသည့် ကားအရေတွက်မှာ ၁၄ စီးခန့်ရှိနိုင်ပြီး သက်ဆိုင်ရာ
မှလည်း အဆိုပါအဖွဲ့များကို ဖမ်းဆီးရမိရန် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

thn-10-12-1


ဖျက်ဆီးသွားတဲ့လူတွေကိုတော့မမိသေးပါဘူးစုံစမ်းစစ်ဆေးနေဆဲပါပဲ၊ကားအရေအတွက်လည်းကောက်ယူ
နေပြီး ဖမ်းဆီးရမိရင်တော့ဆက်သွယ်ပါ့မယ်''ဟု မြိတ်မြို့မှ ရဲဝန်ထမ်းတစ်ဦးက အောက်တိုဘာလ ၁၁ ရက်
နေ့တွင် ပြောကြားခဲ့သည်။

အဆိုပါအဖြစ်အပျက်များ ဖြစ်ပွားပြီးနောက်ရပ်ကွက်အတွင်း တာဝန်ကျသည့် အရန်မီးသတ်တပ်ဖွဲ့များ၊ ရပ်
ကွက်လူကြီးများနှင့် ရဲတပ်ဖွဲ့များပူးပေါင်းကာ ရပ်ကွက်အလိုက်လုံခြုံရေးတာဝန်များယူထားကြောင်းသိရှိရ
သည်။

ဒီလိုဖြစ်ရပ်ကမြို့ပုံရိပ်လည်းထိခိုက်တဲ့အပြင်အရင်ကမရှိဖူးခဲ့တဲ့အရာတွေပါ၊ဒါကိုအားလုံးပူးပေါင်းဖော်ထုတ် သင့်ပါတယ်၊ကားတွေပေါပါတယ်ဆိုတဲ့ရန်ကုန်မြို့ကြီးမှာတောင်တစ်ညတည်းဒီလိုကားအစီးအရေအများကြီး
ဖျက်ဆီးခံရတယ်ဆိုတာ မရှိခဲ့ဖူးဘူးလို့ထင်ပါတယ်၊

ဒီလိုအုပ်စုဖွဲ့ပြီး ဥပဒေမဲ့လုပ်ရပ်တွေကိုလက်မခံနိုင်ပါဘူး၊ သက်ဆိုင်ရာနှင့် ပူးပေါင်းပြီး ကျွန်တော်တို့လည်း အတတ်နိုင်ဆုံးဖော်ထုတ်သွားပါ့မယ်''ဟု ရပ်ကွက်လူကြီးတစ်ဦးက ပြောကြားခဲ့သည်၊

အဆိုပါအဖွဲ့တွင် လူငယ်အများစုဖြစ်ကြောင်း၊ဆိုင်ကယ်များဖြင့် နေရာအနှံ့လိုက်လံဖျက်ဆီးရာတွင်အုပ်စု
များခွဲပြီး တချို့နေရာတွင်၂ စီး တစ်ချို့နေရာများတွင် သုံးစီးမှ ငါးစီးအထိရှိကြောင်း ကားရပ်နားပြီးလက်ဖက်
ရည်သောက်နေစဉ် လူစည်ကားသည့်နေရာတွင်ပင် ဖျက်ဆီးထွက်ပြေးသွားကြောင်း မည်သူမည်ဝါဖြစ်သည်
ကိုမတွေ့လိုက်သော်လည်း ဆိုင်များဖြင့် အုပ်စုဖွဲ့လိုက်လံဖျက်ဆီးနေသူများတွင် လူငယ်များအများစုပါဝင်
ကြောင်း သိရသည်။


Eleven Media:

0 comments:

Post a Comment