Pages

Saturday, October 20, 2012

ကျော်ဖြူမြို့ လူထု ဆန္ဒထုတ်ဖော်မှုမြင်ကွင်း

သမ္မတကြီး၏နိုင်ငံသားကိစ္စမိန့်ကြားချက်ကိုအပြည့်အ၀ထောက်ခံပါသည်၊OIC နှင့်ပတ်သက်သောမည်သည့်
 အဖွဲ့ အစည်းကိုမှ အလိုမရှိဟူသော စာ တမ်းများကိုရေးထိုး ကိုင်ဆောင်ခဲ့ကြကြောင်းသိရှိရပါသည်။
မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်မည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မ္မတရုံး သတင်းထုတ်ပြန်ချက်ကို အပြည့်
အ၀ထောက်ခံသည်၊ OIC နှင့်ပတ်သက် သော မည်သည့်အဖွဲ့အစည်းကိုမှ အလိုမရှိဟု ကျောက်ဖြူမြို့တွင် ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။


ထိုပွဲကို အောက်တိုဘာ၂၀-ရက် ယနေ့ မွန်းလွဲ တစ်နာရီက ကျောက်ဖြူမြို့ဘုရားကြီးတောင်ကွင်းတွင်စတင်
ပြုလုပ်ပြီး ဆန္ဒထုတ်ဖေါ်ရာ ရဟန်းသင်္ဃတော်အပါး၂၀၀ခန့်၊ ကျောက်ဖြူမြို့ခံများနှင့် ကျောက်ဖြူခရိုင် တိုက်
နယ်အသီးသီးမှ လူထုအင်အား ၁၀၀၀၀-ကျော် ပါဝင်ကြောင်း သိရသည်။

ဆန္ဒထုန်ဖေါ်ရာတွင်ကျောက်ဖြူလူငယ်များကဦးဆောင်ပြီးလမ်းလျှောက်ဆန္ဒထုတ်ဖေါ်ရာOIC အလိုမရှိ
ထွက်သွား၊OICနှင့်ပတ်သက်သည့်မည်သည့်အဖွဲ့အစည်းကိုမှအလိုမရှိဟုကြွေးကြော်သံများဖြင့် သံပြိုင်ရွက်
ဆိုကာ ဆန္ဒထုတ်ဖေါ်ပွဲကို မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ကျော်ဖြူမြို့ နာရီစင်ကွင်းတွင်း ငြိမ်းချမ်းစွာဖြင့် လူစုခွဲခဲ့ကြောင်း သတင်းရရှိပါသည်။

ထိုသို့ဆန္ဒဖော်ထုတ်မှုများယနေ့၂၀ရက်နေ့တွင်မြို့နယ်လေးခုတွင်ကျင်း ပပြုလုပ်ခဲ့ကြောင်းလည်းသိရှိရပါ
သည်။

0 comments:

Post a Comment