Pages

Saturday, October 20, 2012

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ပြင်းထန်သည့် ကားဗုံးပေါက်ကွဲမှုဖြစ်ပွား

beirut car bomb

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့လယ်တွင် အလွန်ပြင်းထန်သည့် ကားဗုံးပေါက်ကွဲမှု ယနေ့ဖြစ်ပွားခဲ့ရာ လူ ၈ဦး
သဆုံးပြီး အများအပြား ဒဏ်ရာရရှိသည်။ ဒဏ်ရာရရှိသူ အနည်းဆုံး ၇၈ ရှိပြီး အချို့မှာ အသက်အန္တရာယ်
စိုးရိမ်ရကြောင်း သိရသည်။ ကားဗုံးပေါက်ကွဲမှုမှာ ဘေရွတ်မြို့အရှေ့ပိုင်း အက်ရှရာဖီရက်ဟ်ခရိုင် Sassine Square တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

beirut car bomb

အဆိုပါနေရာမှာ ခရစ်ယာန်လူမျိုး အများစုနေထိုင်ကြကာစီးပွားရေးလုပ်ငန်းများအတွက်အချက်အခြာကျပြီး
ဆိုင်ခန်းများ၊ ရုံးခန်များ အများအပြား တည်ရှိသည်။ ဆီးရီးယားဆန့်ကျင်ရေးခရစ်ယာန်အဖွဲ့အစည်းတစ်ခု
၏ ရုံးခန်းနှင့် မီတာ ၂၀၀ အကွာရှိ ကားတစ်စင်းပေါ်တွင် ဗုံးထောင်ထားခြင်း ဖြစ်ကြောင်း CNN သတင်းက
 ပြောကြားသည်။

beirut car bomb

ဘေရွတ်မြို့ရှိ ဆေးရုံတွင် ဒဏ်ရာရ လူနာအများအပြားကို ကုသပေးနေရပြီး အရေးပေါ် သွေးလိုအပ်မှုများ
လည်း ရှိနေကြောင်း သိရသည်။ ယနေ့ ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ကားဗုံးပေါက်ကွဲမှုအတွင်း လုံခြုံးရေး
ဆိုင်ရာ ထိပ်တန်အရာရှိတစ်ဦးလည်း သေဆုံးကြောင်း လက်ဘနွန်အစိုးရ တာဝန်ရှိသူက Reuters သို့ ပြော
ကြားသည်။

 CNN, Reuters

0 comments:

Post a Comment