Pages

Saturday, October 20, 2012

ကော်ဘရာဂိုးလ် စစ်ရေးလေ့ကျင့်မှုကို လေ့လာရန် အမေရိကန်က မြန်မာကို ဖိတ်ခေါ်

ကော်ဘရာဂိုးလ် စစ်ရေးလေ့ကျင့်မှုကို လေ့လာရန် အမေရိကန်က မြန်မာကို ဖိတ်ခေါ်

စစ်ရေးလေ့ကျင့်မှုကို လာရောက်လေ့လာရန် မြန်မာအား ဖိတ်ခေါ်လိုက်သည်။ ထိုစစ်ရေးလေ့ကျင့်မှုတွင် အခြားအာရှ နိုင်ငံများ၊ ထိုင်းနှင့် အမေရိကန်မှ စစ်သားပေါင်း ၁၀၀၀၀ ကျော် ပါဝင်မည်ဖြစ်သည်။ မြန်မာ့
စစ်ဘက်ရေးရာ ကျွမ်းကျင်သူဖြစ်ပြီး စင်ကာပူရှိ အရှေ့တောင်အာရှ လေ့လာရေး အင်စတီကျု့မှ ပညာရှင်
 ဒေါက်တာတင်မောင်မောင်သန်းက "ဒါဟာ ထူးခြားပါတယ်။
အတိတ်တုန်းကတော့ မြန်မာဟာ ကော်ဘရာဂိုးလ် (စစ်ရေးလေ့ကျင့်မှု)နဲ့ ပတ်သက်လို့ အမြဲပဲ မပျော်ရွှင်ခဲ့
ပါဘူး။ ဒါဟာ သူတို့ကို တိုက်ရိုက်ဦးတည်တာ။ ကျူးကျော်မယ့် ခြေလှမ်းတစ်ရပ်လို မြင်ခဲ့တာပါ"ဟု ဆိုသည်။


မြန်မာသို့ စစ်ရေးလေ့ကျင့်မှု လေ့လာရန် ယခု ဖိတ်ခေါ်မှုသည် မြန်မာစစ်ဘက်နှင့် အမေရိကန်တို့ ပြန်လည်
ထိတွေ့ရေးအတွက် ကြိုးပမ်းမှုလည်း ဖြစ်သည်။ ယခုဖိတ်ခေါ်ချက်သည် မကြာမီရက်ပိုင်းက အမေရိကန်နိုင်
ငံခြားရေးဌာန၏ ထိပ်တန်းလူ့အခွင့်အရေး တာဝန်ရှိသူ မိုက်ကယ်ပေါ့စနာ ဦးဆောင်သောအဖွဲ့ လာရောက်
လည်ပတ်အပြီး ပေါ်လာခြင်းဖြစ်သည်။

ယင်းအမေရိကန်သံအဖွဲ့တွင် ကန်ကာကွယ်ရေးဝန်ကြီးဌာန ဒုလက်ထောက်ဝန်ကြီး ဗစ်ခရမ်ဆင်းနှင့်အခြား
စစ်ဘက်အရာရှိများ ပါဝင်ခဲ့သည်။ ကော်ဘရာဂိုးလ် စစ်ရေးလေ့ကျင့်မှုကို ယမန်နှစ်က ပြုလုပ်ရာတွင် အမေ
ရိကန်တပ်သား ၁၀၀၀၀ ခန့်၊ ထိုင်းတပ်သား ၃၄၀၀ခန့်နှင့်အင်ဒိုနီးရှား၊ဂျပန်၊မလေးရှား၊စင်ကာပူနှင့် တောင်
ကိုရီးယားတို့မှ တပ်သားများ ပါဝင်ခဲ့သည်။ တရုတ်အပါအ၀င် အခြားကိုးနိုင်ငံမှ စစ်ရေးလေ့ကျင့်မှုသို့ လေ့
လာသူများ စေလွှတ်ခဲ့သည်။

7Day News Journal

0 comments:

Post a Comment