Pages

Sunday, October 28, 2012

ရန်ကုန်သမ၀ါယမအသင်းသား သုံးဆယ်ကျော်ခန့် ယနေ့မနက်ပိုင်းက ဆန္ဒ္ဒထုတ်ဖော်

 
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းနှင့် မဟာမြိုင်လမ်းထောင့် အမှတ် ၇၀/၇၂ ရှိ ကျွန်းတောကွက်သစ် သမ၀ါယမ အဆောက်အအုံအား အသင်းသားများ သဘောဆန္ဒမရယူဘဲ ကန်ထရိုက်
တိုက်ဆောက်လုပ်ခြင်းကိုအသင်းသားများကအောက်တိုဘာ၂၈ရက်နံနက်တွင် ဆန္ဒထုတ်ဖော်ကန့်ကွက်ခဲ့
ကြသည်။ဆန္ဒထုတ်ဖော်သူများကနံနက်၁၀နာရီမှ၁၁နာအသင်းပိုင်အဆောက်အအုံဖျက်ဆီးသူများကို အရေးယူပေး
ရန်၊အဆောက်အအုံဆောက်လုပ်ရာတွင်ပါဝင်ပတ်သက်သူများကိုအရေးယူပေးရန်နှင့်သမ၀ါယမ၀န်ကြီးလာ
ရောက်ဖြေရှင်းပေးရန်တို့ကိုတောင်းဆိုခဲ့ကြသည်။

အဆောက်အအုံဆောက်လုပ်မှုကိုအစဉ်တစိုက် ကန့်ကွက်ခဲ့သော်လည်းတာဝန်ရှိသူများကလာရောက်ဖြေ
ရှင်းပေး မှု မရှိသည့် အတွက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်းဆန္ဒပြမှုတွင်ပါဝင်သူကိုတင်ထက်ကိုက ပြော
သည်။

 
ကန်ထရိုက်တိုက် ဆောက်လုပ်ခြင်းဖြစ်စဉ်နှင့်ပက်သတ်၍ ကျွန်းတော ကွက်သစ် သမ၀ါယမအသင်းသားသုံးဆယ်ကျော်ခန့် ဆန္ဒ္ဒပြနေစဉ်

 
ဓါတ်ပုံ - Eleven Media Group
 
http://sphotos-a.ak.fbcdn.net/hphotos-ak-ash4/431704_445609585476670_789992495_n.jpg 
ဓါတ်ပုံ - Eleven Media Group 
အသင်းသား ၃၅ ဦးဖြင့် ငြိမ်းချမ်းစွာ စုဝေးဆန္ဒဖော်ခွင့်ရရှိရန် စမ်းချောင်းမြို့နယ် ရဲစခန်းသို့ အောက်တိုဘာ ၁၇ ရက်က လျှောက်ထားခဲ့ရာတွင် ပယ်ချခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ အယူခံဝင်
ရောက်ရာတွင် ခွင့်ပြုမိန့် ၁/၂၀၁၂ ဖြင့် ဆန္ဒထုတ်ဖော်ခွင့် ပြုခဲ့ခြင်းဖြစ်သည်။

အသင်းသား၏ ဆန္ဒထုတ်ဖော်သည့်နေ့မှစ၍ သုံးပတ်အတွင်း တာဝန်ရှိသူများမှ လာရောက်ဖြေရှင်းခြင်းမ
ပြုပါက ဆက်လက်ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ကိုတင်ထက်ကိုက ပြောသည်။

7Day News Journal

0 comments:

Post a Comment