Pages

Sunday, October 28, 2012

အာဂျင်တီးနား နိုင်ငံ၏ အနောက်ပိုင်းတွင် စူပါမားကတ် ခေါင်မိုးပြိုကျ သုံးဦးသေဆုံး

ဗျူနိုအဲရစ်
အာဂျင်တီးနားနိုင်ငံအနောက်ပိုင်းတွင်စူပါမားကတ်တစ်ခု၏ခေါင်မိုးပြိုကျခဲ့ရာအနည်းဆုံးသုံးဦးသေဆုံးခဲ့ပြီးလူပေါင်းများစွာဒဏ်ရာရ
ရှိခဲ့ကြောင်းဒသတွင်းအာဏာပိုင်များကအောက်တိုဘာ၂၆ရက်တွင်ပြောကြားခဲ့သည်။ဖြစ်ပွားပုံမှာဗျူနိုအဲရစ်မြို့မှ အနောက်တောင်
ဘက်၁၁၅ဝကီလိုမီတာအကွာရှိကွမ်မြို့တွင်အောက်တိုဘာ၂၅ရက်ညပိုင်းကဆောက်လုပ်ဆဲအဆောက်အအုံတစ်ခုပြိုကျခဲ့ရာ၎င်းအ
ဆောက်အအုံမှအကျိုးအပဲ့အပိုင်းအစများသည်၎င်းနံဘေးတွင်ကပ်လျက်ရှိသောစူပါမားကတ်ခေါင်မိုးအပေါ်သို့ပြုတ်ကျ ခဲ့ရာမှ ခေါင်
မိုးပြို ကျခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ခေါင်မိုးပြိုကျစဉ်အတွင်းစူပါမားကတ်အတွင်း၌လူအမြောက်အမြားရှိနေခဲ့ကြောင်း၊စူပါမားကတ်အတွင်း၌ပိတ်မိနေသည့်လူအရေအတွက်
တိတိကျကျ မသိရသေးကြောင်း ဒေသ တွင်း အာဏာပိုင် များက ပြောကြားခဲ့ သည်။
ထို့ပြင်ပြိုကျမှုများထပ်မံမဖြစ်ပွားစေရန်အတွက်ကယ်ဆယ်လုပ်သားများကကြိုတင်ကာကွယ်မှုများပြုလုပ်လျက်ရှိကြောင်းသိရသည်။
မြ၀တီသတင်း

0 comments:

Post a Comment