Pages

Sunday, October 28, 2012

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း တိုက်ပွဲပြင်းထန်နေဆဲ




စစ်ကိုင်းတိုင်း၊မုံရွာခရိုင်လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းအနီးအနားကလယ်မြေတွေမှာ တရုတ်နိုင်
ငံသားပိုင်မြန်မာဝမ်ပေါင်ကုမ္ပဏီ ဖက်က အဆောက်အဦးတွေ နေ့ ည ဆက်လက် ဆောက်လုပ်နေတာကို ရပ်ဆိုင်းပေးဖို့ အောက်တိုဘာလ ၂၇ ရက် မနက်ပိုင်းက ဒေသခံ (၅၀၀)နီးပါးဟာ အဲဒီအဆောက်အဦးတွေ
ဆောက်လုပ်နေတဲ့နေရာကို သွားရောက်တားမြစ်ခဲ့ကြပါတယ်။
အဲဒီလို သွားရောက်တားမြစ်နေစဉ်အတွင်း အချိန်ပိုင်းလောက်မှာပဲ ကုမ္ပဏီဖက်က လုံခြုံရေး ရဲဝန်ထမ်း(၃၀)
ကျော်နဲ့ သွားရောက်တားမြစ်တဲ့ ဒေသခံတွေကြား အဓိကရုန်းဖြစ်ပွားခဲ့ တယ်လို့ သိရပါတယ်။

အဲဒီလို အသိမ်းခံထားရတဲ့ လယ်မြေတွေပေါ်မှာ အဆောက်အဦးတွေ နေ့စဉ်ရက်ဆက် လာဆောက်နေတဲ့ အတွက်ဆောက်လုပ်နေတာတွေမရပ်မချင်းအသေခံတားမြစ်သွားမယ်လို့ဆည်တဲဒေသခံ ရွာသူတစ်ဦးက
 ပြောပါတယ်။
ဒီအတောအတွင်းလက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းကထွက်လာတဲ့ မြေစာတွေကို ကျော်ရွာအနီးအနား
ကလယ်မြေတွေမှာသွားရောက်စွန့်ပစ်တဲ့အတွက်ဒေသခံ(၂၀၀)နီးပါးလောက်သွားရောက်တားမြစ်ခဲ့ကြတယ်
လို့ သိရပါတယ်။
RFA(Burmese)

0 comments:

Post a Comment