Pages

Sunday, October 28, 2012

ဒိန်းမတ်နိုင်ငံမှ မျက်လုံးဖြင့် ထိန်းချုပ်နိုင်သည့် ဖုန်းနှင့် တက်ဘလက်ဆော့ဖ်ဝဲကိုထုတ်



ဒိန်းမတ်ကုမ္ပဏီတစ်ခုမှမျက်လုံးဖြင့်ထိန်းချုပ်နိုင်သည့် ဆော့ဖ်ဝဲကိုတက်ဘလက်နှင့်မိုဘိုင်းဖုန်းများတွင်ထည့်
သွင်း အသုံးပြုနိုင်ရန်အတွက် ထုတ်လုပ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ထိုဆော့ဖ်ဝဲသည် e-Book များအား
စာမျက်နှာလှန်ခိုင်းခြင်းကိုမျက်လုံးဖြင့် ပြုလုပ်ခိုင်းနိုင်မည်ဖြစ်ပြီး၊ဂိမ်းများကိုလည်းမျက်လုံးဖြင့်ကစားနိုင်မည်
ဖြစ်သည်။

ထိုဆော့ဖ်ဝဲသည် မျက်လုံး၏လှုပ်ရှားမှုကိုတက်ဘလက်သို့မဟုတ်မိုဘိုင်းဖုန်း မှတစ်ဆင့် အနီအောက်ရောင်
ခည်ဖြင့် အာရုံခံကာ ခိုင်းစေမှုကို တုံ့ပြန်ပေးမည်ဟု သိရသည်။ တက်ဘလက်သို့မဟုတ်မိုဘိုင်းဖုန်းများတွင်
ပါဝင်သည့်ကင်မရာများမှတစ်ဆင့်လည်းအာရုံခံကာ မြင်ကွင်းတစ်ခုလုံးကိုထိန်းချုပ်ခိုင်းစေနိုင်မည်ဖြစ်သည်။

Eye Tribe ဟုအမည်ပေးထားသည့် ထိုဆော့ဖ်ဝဲကို Ph.D ကျောင်းသားလေးယောက်မှ တီထွင်ထားခြင်း ဖြစ်
ပီး၊ လွန်ခဲ့သည့် တစ်နှစ်ခန့်ကတည်းက စတင်လုပ် ဆောင်နေခြင်းဖြစ်ကြောင်းသိရှိရသည်။

နည်းပညာကို ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ကူညီထောက်ပံ့ငွေအဖြစ် ဒေါ်လာ ၈ သိန်းရယူကာလုပ်ဆောင်
နေခြင်းဖြစ်ကြောင်း၊ လာမည့်နှစ်အတွင်း ထောက်ပံ့ထားသည့် ကုမ္ပဏီမှတစ်ဆင့် ဆော့ဖ်ဝဲကို အများသုံးနိုင်
ရန် ဖြန့်ချိနိုင်လိမ့်မည် ဖြစ်ကြောင်း သိရသည်။

မောက္ခသတင်း

0 comments:

Post a Comment