Pages

Sunday, October 28, 2012

အစ္စလာမ် ဘာသာ ကိုးကွယ်ယုံကြည်ခြင်း ကိုအကြောင်းပြု ဒုက္ခပေးနေဟု မောင်လာနာ ဦးမြင့်လွင် ပြော




ရခိုင်ပြည်နယ်အတွင်း အကြမ်းဖတ်တိုက်ခိုက်မှု များသည် အစ္စလာမ် ဘာသာကိုး ကွယ် ယုံကြည်ခြင်း ကို အကြောင်းပြု ၍ဒုက္ခပေးနေကြောင်း မောင်လာနာ ဦးမြင့်လွင့် က ဧရာဝတီ သို့ ပြောကြားလိုက်သည်။ “အခု ရခိုင်ပြည်နယ် အရေးက အစ္စလမ်ဘာသာ ကိုးကွယ်ယုံကြည်မှု ကို အကြောင်းပြုပြီး မွတ်စလင်တွေကို ဒုက
္ခပေး နေတယ်လို့ မြင်တယ်။ လူမဆန်တဲ့ နှိပ်စက်မှုနဲ့ အကြမ်းဖက် ခံရတဲ့ မွတ်စလင် သတင်းတွေ မပြတ်ကြား
နေရတယ်။ ဟု ၄င်းက ပြောပါသည်။

ယခုနှစ်အတွင်း အစ္စလာမ် ဘာသာအား တိုက်ခိုက် ရန်လို သော လုပ်ကြံစွပ်စွဲချက် သတင်းများ ၊ဆောင်းပါး
များ၊ ဖြန့်ဝေစာများ အမြောက်အမြားပေါ်ထွက်ခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ “မွတ်စလင်တွေကို မုန်းတီးရေး စိတ်ဓာတ် လှုံ့ဆော်ပေးနေတဲ့ ဂျာနယ်တွေ၊ ပစ်စာ
တွ လူတွေကြား ထဲမှာ ပြန့်နှံ့နေတာတွေကို ကြည့်ရင် ဘာသာတခုနဲ့တခု အထင်အမြင် လွဲမှားအောင်၊ အ
ထူးသဖြင့် မွတ်စလင်တွေကို မုန်းတီးရေး၊ အဓိကရုဏ်းတွေ ဖြစ်အောင် ဖန်တီးနေတာတွေကို ကြည့်ရင် ဘာ
သာရေးကို အကြောင်းပြုပြီး ပြဿနာ ကျယ်ပြန့်ကြီးမားအောင်မသမာသူတစုက ကြိုးစားအားထုတ်နေတယ်
လို့ မြင်ပါတယ်။”

ဟု မောင်လာနာ ဦးမြင့်လွင့်က ပြောကြားခဲ့သည်။


မွတ်စလင် သတင်းစဉ်နှင့် ဧရာဝတီသတင်း

0 comments:

Post a Comment