Pages

Sunday, October 28, 2012

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဌာနခွဲနှစ်ခု ပုဂ္ဂလိကနှင့် ပူးပေါင်းလုပ်ကိုင်မည်

ရန်ကုန်၊ အောက်တိုဘာ-၂၈

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး လက်အောက်ရှိဌာနခွဲ နှစ်ခုကို အရှုံးပေါ်နေသောကြောင့်ပုဂ္ဂလိကလုပ်

ငန်းရှင်များနှင့် ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ ပြည် ထောင်စုဝန်ကြီးဦး
ဥာဏ်ထွန်းအောင်က ပြောသည်။
အဓိက အရှုံးပေါ်နေသော ဌာနခွဲနှစ်ခုဖြစ်သည့် ဧရာဝတီဌာနခွဲနှင့် မြစ်ဝကျွန်းပေါ်ဌာနခွဲနှစ်ခုအားစတင်၍
ပူးတွဲလုပ်ကိုင်သွားမည် ဖြစ်သည်။

၁၈၅၂ ခုနှစ် အင်္ဂလိပ်လက်ထက်ကတည်းက စတင်ပြေးဆွဲခဲ့ပြီး ပြည်သူအား ၀န်ဆောင်မှုပေးခဲ့သည့် ရေ
ယာဉ်များ၏ အင်ဂျင်စွမ်းဆောင်ရည်များ ကျဆင်းလာခြင်း၊ ၂၀၀၆-၂၀၀၇ ခုနှစ်က စက်သုံးဆီဈေးမြင့်တက်
လာ ခြင်း၊ ရေလမ်းထက် ကုန်းလမ်းများတွင် ခရီးသည်များ ပိုမိုအသုံးပြုလာခြင်းတို့ကြောင့် ယခုလို ဌာနမှစ
တင်၍ ပုဂ္ဂလိကနှင့် ပူးပေါင်း၍ စတင်လုပ်ဆောင်စေခြင်းလည်းဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်
ရေးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်

ထပ်မံ၍ အခြားရေယာဉ်ဌာနခွဲများကိုလည်း ပုဂ္ဂလိကနှင့် ပူးပေါင်းလုပ်ဆောင်စေခြင်း၊ ဌာနပိုင်မြေများကို
အသုံးချ၍ ဌာနအတွက် ၀င်ငွေရရှိစေမည့် လုပ်ငန်းများအား ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်
မည့် အစီအစဉ်အချို့လည်း ရှိကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အလုံသင်္ဘောကျင်း၌ ပြုလုပ်
သည့် ၀န်ကြီးနှင့် တွေ့ဆုံပွဲမှ သိရသည်။
 
7days News:

0 comments:

Post a Comment