Pages

Tuesday, September 4, 2012

ဗြိတိသျှ ထောက်လှမ်းရေး သူရဲကောင်း James Bond နှစ် ၅၀ ပြည့် အထိမ်းအမှတ်နေ့ ကျင်းပပြုလုပ်မည်

James Bond နှစ် ၅၀ ပြည့် အထိမ်းအမှတ်နေ့ ကျင်းပပြုလုပ်မည်


အပြည်ပြည်ဆိုင်ရာ James Bond အထိမ်းအမှတ်နေ့ကိုအောက်တိုဘာလတွင် ကျင်းပပြုလုပ်သွားရန်ကြိုတင်
စီစဉ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ယင်းသည် ပထမဆုံးသော 007 ကိုယ်ပိုင်အမှတ်စဉ်နှင့်ဗြိတိ
သျှ ထောက်လှမ်းရေး သူရဲကောင်း ဇာတ်ကားကို ရုံတင်သည့် နှစ်(၅၀)ပြည့် အထိမ်းအမှတ်အတွက် ရည်စူး
ကျင်းပခြင်းလည်း ဖြစ်လာမည်ဟု သိရသည်။
အောက်တိုဘာ (၅)ရက်နေ့ကို ကမ္ဘာလုံးဆိုင်ရာ James Bondနေ့အဖြစ် သတ်မှတ်သွားမည် ဖြစ်သည်။ လွန်ခဲ့
သည့် ဆယ်စုနှစ် (၅)ခုက ဆာရှောင်ကွန်နရီသည် ပထမဆုံး James Bondဇာတ်ရုပ်ကို Dr Noဇာတ်ကားတွင် ပွဲဦးထွက် သရုပ်ဆောင် ပါဝင်ခဲ့ဖူးသည်။

ထို့နောက်တွင်မူ အောင်မြင်မှုများ ဆက်တိုက် ရရှိလာသော James Bondဇာတ်လမ်းတွဲများကို နာမည်ကျော်
မင်းသား အဆက်ဆက် ပြောင်းလဲပြီး ရိုက်ကူးခဲ့သည်။ နယူးယော့ခ်မြို့ရှိ ခေတ်သစ် အနုပညာ ပြတိုက်တွင် James Bondပြပွဲတစ်ခု ပြုလုပ်ရန် စီစဉ်ထားသလို လော့စ်အန်ဂျလိစ်တွင်လည်း The Music of Bond ပြဇာတ်
တစ်ခု ကျင်းပရန် လုပ်ဆောင်နေကြသည်။

ထို့အပြင် James Bondဇာတ်ကားများနှင့် ပတ်သက်သည့် မှတ်တမ်းရုပ်ရှင် အသစ်တစ်ခုကိုလည်း တင်ဆက်
ဖွယ် ရှိနေသည်။ Christie အင်တာနက် လေလံဌာနကလည်း ထိုနေ့တွင် James Bond အမှတ်တရ ပစ္စည်းများ
ကို လေလံတင် ရောင်းချပေးသွားရန် စီစဉ်နေကြောင်း သိရသည်။

ကမ္ဘာလုံးဆိုင်ရာ James Bondနေ့ကို (၂၃)ခုမြောက် James Bondရုပ်ရှင် ရုံမတင်မီ ပြုလုပ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်
သည်။ နောက်ဆုံးထွက်ရှိမည့် James Bondဇာတ်ကား Skyfallအား အောက်တိုဘာ (၂၆)ရက်နေ့တွင် ရုံတင်ပြ
သသွားမည်ဖြစ်သည်။


Planet Myanmar Media:

0 comments:

Post a Comment