Pages

Tuesday, September 4, 2012

မြန်မာ့လေကြောင်းမှ ၀ယ်ယူသည့် ဘရာဇီးနိုင်ငံလုပ် EMBRAER190 လေယာဉ်များ နိုဝင်ဘာတွင် ရောက်ရှိမည်ဖြစ်ကာ ဒီဇင်ဘာ ပထမပတ်အတွင်း ခရီးစဉ်များ စတင်ပြေးဆွဲမည်

မြန်မာ့လေကြောင်းမှ ၀ယ်ယူသည့် ဘရာဇီးနိုင်ငံလုပ် EMBRAER 190 လေယာဉ်များ နိုဝင်ဘာလ ပထမအပတ်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကာ ဒီဇင်ဘာလ ပထမအပတ်အတွင်း ခရီးစဉ်များ စတင်ပြေးဆွဲမည် ဖြစ်သည်ဟု မြန်မာ့လေကြောင်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းထွန်း ၏ ပြောကြားချက်အရ သိရသည်။
မြန်မာ့လေကြောင်းမှ လက်ရှိ အသုံးပြုနေသည့် နှစ်၃၀ကျော် သက်တမ်းရှိ F-28 လေယာဉ်များ နေရာတွင် EMBRAER 190 လေယာဉ်များဖြင့် ခရီးစဉ်များအား အစားထိုးပြေးဆွဲသွားမည်ဖြစ်သည်။ “နိုဝင်ဘာမှာ အသစ်ဝယ်ယူတဲ့ လေယာဉ် ၂ စီးလုံး ရောက်မယ်။ ဒီ ဇင်ဘာ ပထမပအပတ်မှာ ခရီးစဉ် တွေ စတင်ပြေးဆွဲမှာပါ” ဟု မြန်မာ့ လေကြောင်းမှ ဦးဆောင် ညွှန်ကြား ရေးမှူးဦးသန်းထွန်းက ဆိုသည်။ အဆိုပါ ဘရာဇီးနိုင်ငံလုပ် EMBRAER 190 လေယာဉ်များသည် ခရီးသည် ၁၀၀ခန့် စီးနင်းလိုက်ပါ နိုင်မည်ဟု သိရသည်။

EMBRAER 190 လေယာဉ် များအား ဟဲဟိုး၊ မန္တလေး၊ ညောင်ဦး ပုံမှန်ခရီးစဉ်အား စတင် ပြေးဆွဲရန် စီစဉ်ထားပြီး၊ ဈေးကွက် လိုအပ်ချက်ပေါ် မူတည်၍ ဒေသတွင်း နှင့် ပြည်တွင်းခရီးစဉ်များအား ငှားရမ်းပြေးဆွဲနိုင်ရန် စီစဉ်ထားကြောင်း လည်း သိရသည်။ “မြန်မာ့လေကြောင်းက နိုင်ငံခြားဧည့်သည်တွေ စီးနင်းမှုအများ ဆုံးဖြစ်တဲ့ဟဲဟိုး၊ မန္တလေး၊ ညောင် ဦး ပုံမှန်ခရီးစဉ်ကို နံနက် ၇နာရီ မှစတင်ထွက်ခွာနိုင်အောင်စီစဉ်ထားပါတယ်။လေကြောင်းလိုင်းအများစုမှ၆နာရီ ကနေစထွက်ကြတာ ဆိုတော့ စောစောမသွားချင်တဲ့ ခရီးသည်တွေအတွက် အဆင်ပြေနိုင် အောင်လို့ပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာ့လေကြောင်းတွင် ပျံသန်းလျက်ရှိသည့် လေယာဉ်အမျိုး အစား ၄မျိုးဖြစ်သည့် F-28 ၃စီး၊ ATR ၃စီး၊ MA-60 ၃စီး၊ Beech-1900D ၂စီးရှိသည့်အနက် F-28 လေယာဉ်များသည် သက်တမ်းနှစ် ၃၀ကျော် ရှိနေပြီး အကြီးစားပြင်ဆင်ရန် ကုန်ကျစရိတ်များခြင်း၊လေယာဉ်အပိုပစ္စည်းဝယ်ယူရန်ခက်ခဲခြင်းစသည့်အခြေအနေများအပြင်၊လေယာဉ် သက်တမ်းမှာလည်း
၂၀၁၂ခုနှစ်၊ ဒီဇင်ဘာတွင် ၁စီးနှင့် ၂၀၁၃ခုနှစ်တွင် ကျန် ၂စီး တို့မှာ ခွင့်ပြုသက်တမ်း ကုန်ဆုံးမည် ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာ့လေကြောင်းလိုင်းမှ ပြေးဆွဲသည့် သက်တမ်းကြာမြင့်ပြီ ဖြစ် သည့် လေယာဉ်များနေရာ တွင် လေယာဉ်အသစ်များဖြင့် အစားထိုးလဲလှယ်ပြေးဆွဲခဲ့ရာ ၂၀၁၀ ဒီဇင်ဘာလ ၁ရက်နေ့က ဖော်ကာ F-27 လေယာဉ်များနေရာ၌ တရုတ် နိုင်ငံလုပ် MA 60 လေယာဉ်သုံးစင်းဖြင့် အစားထိုးပြေးဆွဲမဲ့သည်။

0 comments:

Post a Comment