Pages

Tuesday, September 4, 2012

ခွင့်ပြုထားသော လူဦးရေထက်ကျော်လွန်ကာ ဆန္ဒထုတ်ဖော်မှု များ ကြောင့် သမ္မတထောက်ခံပွဲ ဖျက်သိမ်းခံရ

ခွင့်ပြုထားသောလူဦးရေထက်ကျော်လွန်ကာဆန္ဒထုတ်ဖော်မှုများကြာင့် မန္တလေးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အား ထောက်ခံ သည့် ဆန္ဒဖောက်ထုတ်ပွဲများ မကျင်းပတော့ရန် ဒေသအာဏာပိုင် များက တားမြစ်လိုက်သည်။
ထိုသို့တားမြစ်ထားသော်လည်း မန္တလေးမြို့ရှိ ဘုန်းတော်ကြီး ကျောင်း အချိုမှ သံယာတော်များ ဦးဆောင်ကာ ဆန္ဒထုတ်ဖော်မှုများ ဆက် လက် ပြုလုပ် ခဲ့ကြသည်။ 
 
" ဦးသိန်းစိန်ရဲ့ ဒီရခိုင်အရေးမှာ ပြတ်ပြတ် သားသားပြောခဲ့တာကို ဦးဇင်းတို့ က ထောက်ခံတဲ့အနေနဲ့ ဆန္ဒ ထုတ်ဖော်တာ ဒါကို တားတယ်ဆိုတာ ဘာသဘောလဲစဉ်းစား လို့ကို မရဘူး သူတို့တွေကို လူတစ်ရာပဲ ဆန္ဒဖော်ထုတ်မယ် လို့ပြော ထား တယ် တကယ်လဲလူတစ်ရာပါပဲ ရန်ကုန်ကနေ လေးယောက် လောက် ပါပါရစေ ဆိုလို့ ခွင့်ပြုတယ် နောက် NLD လဲပါတယ်
 
 ဒါကိုတားတယ်ဆိုပြီးမနေ့ကစမလုပ်ခိုင်းတော့ဘူးအဲဒီတောဦးဇင်းကအတိုက်အခံဖြစ်ရမယ့်ကိစ္စဆိုတော့ မလုပ်တော့ဘူး ကျောင်း
ကကိုရင်လေးတွေကိုလည်းမှာထားတယ်ဒါပေမယ့်တစ်ခြားကျာင်းကလုပ်ရင်တော့ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ ဦးဇင်းမှာမယ်ဒါပါပဲ''
ဟု တိုင်းဒေသကြီးအစိုးရထံ ဆန္ဒထုတ်ဖော်ခွင့် တရားဝင်တောင်းခံခဲ့သော ဦးဇင်းတစ်ပါးကပြောကြားသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲတွင် လူတစ်ရာသာ စီတန်း လှည့်လည်သော်လည်း ဘေးပတ်ဝန်းကျင်မှ လူများ သံယာတော် များကပါ ၀န်းရံပါဝင်လာခြင်းကြောင့် လူဦးရေ သောင်းဂဏန်းအထိ ပါဝင်ခဲ့ကြောင်း မျက်မြင်များ၏ ပြောကြားချက် အရ သိရသည်။

0 comments:

Post a Comment