မျက်စိကွယ်စေနိုင်သော
ရေတိမ်ရောဂါ (Primary Angle Closure Glaucoma - PACG) ဖြစ်ပွားရခြင်း၏
အ
ကြောင်းရင်းခံ မျိုးဗီဇအသစ် ၃ မျိုးကို စင်ကာပူနိုင်ငံမှ
သိပ္ပံပညာရှင်များက ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း Channel News Asia သတင်းတွင် ဖော်ပြသည်။စင်ကာပူအမျိုးသားတက္ကသိုလ်
(National University of Singapore - NUS)၊
စင်ကာပူအမျိုးသားတက္ကသိုလ်
ဆေးရုံနှင့် စင်ကာပူ အမျိုးသားမျက်စိဌာနတို့
ပူးပေါင်းဆောင်ရွက်သည့် သုတေသန ပြုလုပ်မှုအရ ရေတိမ်
ဖြစ်ပွားရသည့်
မျိုးဗီဇသစ်များကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ရေတိမ်ရောဂါ
ဖြစ်ပွားမှုမှာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ လူ ၁၅ သန်းတွင် တွေ့ရှိရပြီး
၎င်းတို့အနက် ၈၀ ရာခိုင်နှုန်းမှာ အာရှဒေသမှ ဖြစ်သည်။
0 comments:
Post a Comment