““ကျွန်တော်တို့ ဒီနယ်ပယ် ထဲက လုပ်ငန်းရှင်တွေကိုပဲ
ဖိတ်ခေါ်ပြီးလုပ်ခဲ့ကြတာပါ။ ရှေ့တစ်ပတ်ထဲမှာဆိုရင် ကျွန်တော်တိုအများ
ပိုင်ကုမ္ပဏီ စလျောက်ပါမယ်။ လုပ်ငန်းစပြီးပြနိုင်တဲ့အချိန်ဆိုရင်တော့
ရှယ်ယာတွေကို အများပြည်သူဆီ ရောင်းချပေးသွားမှာပါ။
ရှယ်ယာတစ်စုရဲ့
ဈေးနှုန်းဆိုတာကိုတော့ မသက်မှတ်ရသေးပါဘူး။ အများပြည်သူပါဝင်နိုင်တဲ့
ဈေးနှုန်းဖြစ်ဖို့စဉ်းစားသွားမှာပါ””ဟု ဦးဇော်မင်းဦးကပြောသည်။အများပိုင်ကုမ္ပဏီ၏ BOD အ ဖွဲ့ကို ယခုလ ၃၀ ရက်နေ့၌ ရွှေးချယ်ခဲ့ခြင်းဖြစ်ပြီး အစုရှယ်ယာရောင်းချခြင်းနှင့် လုပ်ငန်းစတင်လုပ်ကိုင်နိုင်ခြင်းတို့ကို
မကြာခင်ကာလ၌ လုပ်ကိုင်သွားနိုင်ရန် မျှော်မှန်း ထားရှိသည်ဟုသိရသည်။
စတင်တည်ထောင်သူများ၏ ရှယ်ယာပိုင်ဆိုင်မှုပမာဏကို
ကန့်သက်ခေါ်ဆိုထားခြင်းနှင့် ပတ်သက်၍ ဦးဇော်မင်းဦးက ““
ကျွန်တော်တို့အနေနဲ့ အနည်းဆုံး ဘယ်လောက်ထည့်ဆိုတာမျိုးကို
နိမ့်ခေါ်ထားတယ်ဆိုတာက အကုန်စုပေါင်းလုပ်ထားတဲ့လုပ်ငန်းလည်းဖြစ်တယ်။ ငွေကြေးအင်အားအများကြီးနဲ့ ၀င်ပြီးလုပ်ချင်တာလုပ်တာမျိုးလည်းမဖြစ်စေချင်ဘူး။
ကျွန်တော်တို့က တက်ထားတဲ့ပညာနဲ့ အခြေခံပြီးလုပ်တာ။ အားလုံးကိုပူးပေါင်းပါဝင်လာစေချင်တဲ့သဘောမျိုးပါ””ဟုဆိုသည်။
ရန်ကုန်သတင်း
0 comments:
Post a Comment