Pages

Tuesday, September 4, 2012

ဖုန်းကြိုတင်ငွေဖြည့်ကတ်များအား အွန်လိုင်းမှ ၀ယ်ယူဖြည့်သွင်းနိုင်ရန်စီစဉ်

ဖုန်းကြိုတင်ငွေဖြည့်ကတ်များအား အွန်လိုင်းမှ ၀ယ်ယူဖြည့်သွင်းနိုင်ရန်စီစဉ်

ကြိုတင်ငွေပေးကတ်စနစ်သုံး ဖုန်းများအတွက် အသုံးပြုသည့် ငွေဖြည့်ကတ်များအား အွန်လိုင်းမှ ၀ယ်ယူ
ဖြည့်တင်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ချက်ကို စက်တင်ဘာတွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး လက်ရှိအသုံးပြုလျက်ရှိ
သော GSM, CDMA 450MHz, CDMA 800MHz ဖုန်းများ၏ ကြိုတင်ငွေဖြည့်ကတ်များအား အွန်လိုင်းမှ ချက်ချင်းဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

http://www.prepaidcard.com.mm မှတစ်ဆင့် မိမိလိုအပ်သော ကြိုတင်ငွေဖြည့်ကတ်များအား ၀ယ်ယူနိုင်မည်
ဖြစ်သည်။ အဆိုပါဆောင်ရွက်ချက်အတွက် myanpay online payment gateway နှင့် ချိတ်ဆက်အသုံးပြုထား
ရမည်ဖြစ်ကြောင်း၊ ၀ယ်ယူလိုသူများအနေဖြင့် myanpay account ဖွင့်ထားရန်လိုအပ်ကြောင်း သိရသည်။ 

ဝယ်ယူသော prepaid card ၏ အချက်အလက်နံပါတ်များအား ငွေပေးချေမှုပြုလုပ်ပြီးပါက ငွေပေးချေပြီး
ကြောင်းကို email ဖြင့်အကြောင်းကြားမည်ဖြစ်ပြီး ၎င်းအကြောင်းကြားစာ ရရှိပြီးသည်နှင့် အသုံးပြုနိုင်မည်
ဖြစ်ကြောင်း သိရသည်။

 “ကြိုတင်ငွေပေးကတ်ကို အွန်လိုင်းပေါ်က သီးသန့်ရောင်းချပေးတဲ့သဘောပါပဲ။ ငွေပေးချေမှုစနစ်အတွက် myanpay online payment စနစ်ကို အသုံးပြုထားတာပါ။ အွန်လိုင်းကနေ ၀ယ်ယူတဲ့သူတွေအနေနဲ့ ငွေပေးချေ
ပြီးတာနဲ့ သူတို့ရဲ့ email မှာ prepaid card ရဲ့အချက်အလက်တွေကို ချက်ချင်းရရှိမှာဖြစ်ပါတယ်” ဟု ၎င်းဝန်
ဆောင်မှုနှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ 

ယခုကဲ့သို့ အွန်လိုင်းပေါ်တွင် ကြိုတင်ငွေပေးကတ်ဝယ်ယူပါက ပြင်ပတွင် လက်ရှိပေးနေရသောနှုန်းထား
ထက် ပိုမိုသက်သာအောင် ဆောင်ရွက်သွားမည်ဟုသိရသည်။ 

အဆိုပါဆောင်ရွက်ချက်ကဲ့သို့ အွန်လိုင်းပေါ်မှ ကြိုတင်ငွေပေးကတ် ၀ယ်ယူနိုင်မည့်စနစ်ကို Ypay စနစ်တွင်
လည်း Ypay online gateway နှင့်ချိတ်ဆက်၍ အသုံးပြုဝယ်ယူနိုင်ရန် အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။


Internet Journal

0 comments:

Post a Comment