အခုတလော တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်
လုံးခင်းကျေးရွာအနီးရှိ ကျောက်
စိမ်းကုမ္ပဏီတချို့မှာ လုယက်
ဖျက်ဆီးမှုတွေဖြစ်နေပြီး သက်ဆိုင်ရာအာဏာပိုင်တွေကလည်းထိထိရောက်
ရောက်
အရေးမယူနိုင်ဘူးလို့သိရပါတယ်။
ကျောက်စိမ်းကုမ္ပဏီတွေဟာ စက်ယန္တယားတွေ သိမ်းပြီး
သူတို့ရဲ့ အဆောက်အဦးတွေကို အစောင့်တွေထား
ကာ ပိတ်ထားခဲ့ကြပါတယ်။
အဲဒီပိတ်ထားတဲ့ ကုမ္ပဏီတွေရဲ့ လုပ်ကွက်နေရာနဲ့ အဆောက်အဦးတွေကို ထောင်ချီရှိတဲ့ လုယက်သူတွေက
အဲဒီပိတ်ထားတဲ့ ကုမ္ပဏီတွေရဲ့ လုပ်ကွက်နေရာနဲ့ အဆောက်အဦးတွေကို ထောင်ချီရှိတဲ့ လုယက်သူတွေက
ပြီးခဲ့တဲ့လကုန်ပိုင်းကစပြီး ၀င်ရောက် လုယက် ယူငင်နေကြတဲ့အကြောင်း လုံးခင်းဒေသခံတစ်ယောက်က
ပြောပါတယ်။
"၃၁ ရက်နေ့မှာ ခွန်ပအိုဝ့်မှာဖြစ်တယ် ၁ ရက်နေ့မှာ ရှယ်ဖရွန်ကုမ္ပဏီမှာ ကျောက်တွေကို တူးဖေါ်ပြီးယူနေ
ပြောပါတယ်။
"၃၁ ရက်နေ့မှာ ခွန်ပအိုဝ့်မှာဖြစ်တယ် ၁ ရက်နေ့မှာ ရှယ်ဖရွန်ကုမ္ပဏီမှာ ကျောက်တွေကို တူးဖေါ်ပြီးယူနေ
ကြတုံးရှိသေးတယ်။ မနေ့က
အမျိုးသားကြီးပွါးတိုးတက်ရေးကုမ္ပဏီမှာဖြစ်တယ်။ အခုဒီနေ့ညမှာ အခု
ပြီးခဲ့တဲ့
ညမှ ဂိုဒေါင်ကို မီးရှို့တယ်။ အားလုံးကို လောင်သွားခြင်းမရှိဘူး။
ဒီနေ့မှာပဲ ခုန မနက် ၁၀ နာရိလောက်မှာ
သက်ဆိုင်ရာ
လုံခြုံရေးလုံထိမ်းအဖွဲ့ကလာပြီး သေနတ်ဖေါက်ပြီး လူစုခွဲရတဲ့
အနေအထားမျိုးရှိတယ်။လုံးခင်း
နဲ့ ဖားကန့်သွားတဲ့လမ်းမှာရှိတဲ့ ကုမ္ပဏီတခုမှာ
ကုမ္ပဏီမြေစာပုံမှာ ၀င်ရောက်ပြီး လုယက်ရှာဖွေနေကြတာ
ကိုလဲ တွေ့ခဲ့ရတယ်။ ရသမျှအကုန်ယူတယ်ဗျ။ သံတိုသံစကအစ။"
လုယက်သူတွေဟာ လူဦးရေ ၅၀၀ ကနေ ၁၀၀၀ ၀န်းကျင်အထိ ရှိပြီး အများစုဟာ ရေမဆေးကျောက်ရှာတဲ့
ကိုလဲ တွေ့ခဲ့ရတယ်။ ရသမျှအကုန်ယူတယ်ဗျ။ သံတိုသံစကအစ။"
လုယက်သူတွေဟာ လူဦးရေ ၅၀၀ ကနေ ၁၀၀၀ ၀န်းကျင်အထိ ရှိပြီး အများစုဟာ ရေမဆေးကျောက်ရှာတဲ့
သူတွေဖြစ်ပြီး သူတို့ဟာ လုပ်ငန်းတွေ
ရပ်ဆိုင်းကုန်တာကြောင့် တခြားအလုပ်ရှာမရဘဲ လုပ်ကွက်တွေနဲ့ ကုမ္ပဏီတွေ
မြှုပ်ထားတဲ့ကျောက်တွေကိုပါ ၀င်တူးယူနေကြတာလို့ လုံးခင်းဒေသခံက
ပြောပါတယ်။
အခုအချိန် ဖားကန့်ဒေသမှာ ကေအိုင်အိုနဲ့ အစိုးရတပ်တို့ တိုက်ပွဲ တွေဖြစ်နေတဲ့အတွက် နယ်မြေလုံခြုံရေး မ
အခုအချိန် ဖားကန့်ဒေသမှာ ကေအိုင်အိုနဲ့ အစိုးရတပ်တို့ တိုက်ပွဲ တွေဖြစ်နေတဲ့အတွက် နယ်မြေလုံခြုံရေး မ
ထိမ်းချုပ်နိုင်တာကြောင့်
သူတို့ကို ထိထိရောက်ရောက် အရေးမယူနိုင်ပုံကိုလည်း အဆိုပါ ဒေသခံက
ဆက်
ပြောပြပါတယ်။
"ကိုယ့်ကုမ္ပဏီရဲ့ လုံခြုံရေးကို ကိုယ့်ဟာကို တာဝန်ယူကြတဲ့အခါကျတော့ တချို့ကုမ္ပဏီကတော့ ရာချီရှိတယ်။ တချို့ကုမ္ပဏီကတော့ ၁၀၊၂၀ ၃၀ စသဖြင့်ရှိတယ်။ ဒီမှာလာကြတဲ့လူတွေက ရာနဲ့ထောင်နဲ့ချီရှိတယ်ဗျ။ အဲလို
"ကိုယ့်ကုမ္ပဏီရဲ့ လုံခြုံရေးကို ကိုယ့်ဟာကို တာဝန်ယူကြတဲ့အခါကျတော့ တချို့ကုမ္ပဏီကတော့ ရာချီရှိတယ်။ တချို့ကုမ္ပဏီကတော့ ၁၀၊၂၀ ၃၀ စသဖြင့်ရှိတယ်။ ဒီမှာလာကြတဲ့လူတွေက ရာနဲ့ထောင်နဲ့ချီရှိတယ်ဗျ။ အဲလို
မျိုးအနေအထားကြတော့ လာလိုက်ပြီဆိုရင် သူတို့ရဲ့ အသက်အန္တရာယ်ကို
စိုးရိမ်တဲ့အတွက် သူတို့က ဘာမှ မပြောနိုင် မဆိုနိုင် ဒီအတိုင်းပဲ
လက်ပိုက်ကြည့်နေရတဲ့အနေအထားမျိုးတွေ ရှိတယ်။ သက်ဆိုင်ရာ
အာဏာ
ပိုင်အဖွဲ့အစည်းကလဲ ဘယ်လိုမှ မဖြေရှင်းပေးနိုင်ဘူး။
ဒါကို
အခွင့်ကောင်းယူပြီးတော့မှ အခုဆိုရင် ရက်ပိုင်း အတွင်းမှာကို
ဆက်တိုက်ဖြစ်ပေါ်နေတဲ့အနေအထား
တွေဗျ၊ သူတို့ကို သွားတားဆီးတဲ့ အနေအထားမှာ
ကိုပဲ ကားတွေ သုံးဘီးတွေ ဆိုင်ကယ်တွေ နဲ့ လူတွေကအ
များကြီးရှိတယ်။
ရောက်နေတာ။ အဲဒါတွေကိုလည်း သူတို့ ခဏတဖြုတ်တော့ ခေါ်တယ်။
ပြီးတော့ပြန်လွတ်
ပေးတာပဲ အာမခံနဲ့"
ဒီကိစ္စနဲ့ပတ်သက်လို့ ဖားကန့်ရဲစခန်း ကို ဆက်သွယ်ပေမဲ့ ဖုံးလိုင်း အခက်အခဲကြောင့် ခေါ်ဆိုလို့မရပါဘူး။
ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ သြဂုတ်လကစပြီး အစိုးရတပ်နဲ့ ကေအိုင်အိုတပ် တိုက်ပွဲတွေဖြစ်နေတာကြောင့်
ဒီကိစ္စနဲ့ပတ်သက်လို့ ဖားကန့်ရဲစခန်း ကို ဆက်သွယ်ပေမဲ့ ဖုံးလိုင်း အခက်အခဲကြောင့် ခေါ်ဆိုလို့မရပါဘူး။
ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ သြဂုတ်လကစပြီး အစိုးရတပ်နဲ့ ကေအိုင်အိုတပ် တိုက်ပွဲတွေဖြစ်နေတာကြောင့်
ကျောက်စိမ်းအရောင်းအ၀ယ်တွေ ရပ်ဆိုင်းသွားပြီး
ဒေသခံတွေလည်း စစ်ဘေးလွတ်ရာ ထွက်ပြေး တိမ်း
ရှောင်နေကြတာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုရဲထက် ပေးပို့တာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုရဲထက် ပေးပို့တာဖြစ်ပါတယ်။
RFA (Burmese)
0 comments:
Post a Comment